သုံးမိုင်ကွေ့အနီးယာဉ်တိုက်မှုတွင် ယာဉ်မောင်းထွက်ပြေး

သုံးမိုင်ကွေ့အနီးယာဉ်တိုက်မှုတွင် ယာဉ်မောင်းထွက်ပြေး

EPN
မိုးကောင်း၊ စက်တင်ဘာ ၉
  • မိုးကောင်းမြို့ ကျွန်းတောရပ် သုံးမိုင်ကွေ့အနီးတွင် မော်တော်ယာဉ်တစ်စီးမှ ရပ်ထားသော ဆိုင်ကယ်ကို ၀င်တိုက်ကာ ထွက်ပြေးသွားခဲ့ကြောင်းသိရသည်။
  • ဖြစ်စဉ်မှာ စက်တင်ဘာ၈ရက်နေ့ ည ၁၂နာရီအချိန်ခန့်က ကချင်ပြည်နယ် မိုးကောင်းမြို့ ကျွန်းတောရပ်နေ ဦးသန်းခင်နှင့် မောင်အောင်ကျော်လင်းခိုင်တို့ သားအဖနှစ်ဦးသည် သုံးမိုင်ကွေ့အနီးတွင် ငါးထောင်ထားသည်ကိုလာရောက်ဖော်ယူကြရာ ဖခင်ဖြစ်သူဦးသန်းခင်မှ ငါးသွားဖော်နေစဉ် ယင်းအချိန် တွင် သားဖြစ်သူ မောင်ကျော်လင်းခိုင်သည် ကားလမ်း၏ ယာဘက်ဘေး၌ ဆိုင်ကယ်ပေါ် ခွထိုင်ပြီး ရပ်စောင့်ကျန်ခဲ့ကြောင်း မိုးညှင်းဘက်မှ မြစ်ကြီးနားဘက်သို့ ပြည်ထောင်စုလမ်းမကြီးအတိုင်း မောင်းနှင် လာသော ကားတစ်စီး (IN/2870 HYUNDAI STAREX MINI BUS မီးခိုးရောင်) သည် ဆိုင်ကယ်ကို နောက်ဘက်မှ ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းသူမှာ ယာဉ်ကိုထားကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
  • “အုန်းကနဲအသံကြားလို့ လာကြည့်တော့ ဆိုင်ကယ်ပဲတွေ့ပြီး သားကိုမတွေ့လို့ လိုက်ရှာတော့ တော်တော်ဝေးတဲ့နေရာမှာ ဒဏ်ရာနဲ့ မလှုပ်မယှက်လဲကျနေတာ တွေ့ရတယ်။ လမ်းသွားလမ်းလာတွေ အကူအညီပေးလို့ ဆေးရုံရောက်လာတာပါ" ဟု ဖခင်ဖြစ်သူ ဦးသန်းခင်မှပြောသည်။
  • အဆိုပါ ဖြစ်စဉ်ကြောင့် မောင်ကျော်လင်းခိုင်သည် နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်းသိရပြီး အလောင်းကို ဆေးစစ်ချက်ရယူရန်အတွက် မိုးကောင်း ပြည်သူ့ဆေးရုံသို့ လောကတ္ထစရိယနာရေး ကူညီမှု အသင်းမှ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
  • ဖြစ်စဉ်နှင့်ပါတ်သက်၍ ယာဉ်မောင်းကို မိုးကောင်းမြို့မရဲစခန်းမှ ယာဉ်(ပ)၂၈/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က/ ၂၀၂ ဖြင့် အမှုဖွင့်ထားပြီး တရားခံအား အမြန်ဆုံးဖမ်းဆီးရမိရေး အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း မိုးကောင်းမြို့မရဲစခန်းမှ သတင်းရရှိသည်။
                                                                  ချိုမောင်


Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ