မိုးကောင်းမြို့(၈)မိုင်ဂိတ်တွင် ပူးပေါင်းအဖွဲနှင့်စစ်ဆေးရာ ဘိန်းစိမ်း(၆၀၀)ဂရမ်ဖမ်းဆီးရမိ
မိုးကောင်းမြို့(၈)မိုင်ဂိတ်တွင် ပူးပေါင်းအဖွဲနှင့်စစ်ဆေးရာ ဘိန်းစိမ်း(၆၀၀)ဂရမ်ဖမ်းဆီးရမိ
EPN
မိုးကောင်း၊ စက်တင်ဘာ ၂၃
- ကချင်ပြည်နယ် မိုးကောင်းမြို့တွင် စက်တင်ဘာ ၂၃ရက် နေ့လည်၂နာရီခန့်က မိုးကောင်း-ဖါးကန့် လမ်းပေါ်ရှိ (၈)မိုင်စစ်ဆေးရေးဂိတ်၌ ဘိန်းစိမ်း(၆၀၀)ဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း မိုးကောင်းမြို့မရဲစခန်းမှ သိရသည်။
- မိုးကောင်းမြို့(၈)မိုင်စစ်ဆေးရေးဂိတ်၌ မိုးညှင်းမူးယစ်တပ်ဖွဲ့(၃)မှ ရဲအုပ်နိုင်ဝင်း၊ ခလရ(၇၄)မှ ဗိုလ်မှူး ရန်မျိုးအောင်၊ မိုးကောင်းမြို့နယ်သတင်းတပ်ဖွဲ့မှ ရဲအုပ်သက်ပိုင်ဦး၊ မိုးကောင်းမြို့မရဲစခန်းမှ ဒုရဲအုပ် သိန်းမြင့် ဦးစီးတပ်ဖွဲ့ဝင်တို့သည် မူးယစ်ဆေးသယ်ဆောင်လာကြောင်း သတင်းအရ (၈)မိုင် စစ်ဆေးရေးဂိတ်တွင် ပူးပေါင်းစစ်ဆေးနေစဉ် မိုးကောင်းမြို့ဘက်မှ ဦးဖိုးတူး(၄၄)နှစ်မောင်းနှင်လာသော စူပါ ANBO125 ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဝဲဘက်ဒူးကာအတွင်းဝှက်ပြီး ပလပ်စတစ်အိတ်အဖြူနှင့် ထုတ်၍ ဘိန်းစိမ်းဟု ယူဆရသော အညိုရောင်အစေး(အစို) (၆၀၀)ဂရမ်ကို သယ်ဆောင်လာကြောင်း တွေ့ရှိခဲ့သဖြင့် သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။
- "ကျနော်တို့ သတင်းတပ်ဖွဲ့ကအမြဲတမ်းတော့ မထိုင်ပါဘူး။ ကနေ့ကတော့ မူးယစ်ဆေးဝါးသတင်း ရတာနဲ့ (၈)မိုင်ဂိတ်မှာ ပူးပေါင်းရှာဖွေတာပါ" ဟု မိုးကောင်းမြို့နယ် သတင်းတပ်ဖွဲ့မှ ရဲအုပ်သက်ပိုင်ဦးမှ ပြောသည်။
- ဖြစ်စဉ်နှင့် ပါတ်သက်၍ မူးယစ်ဆေးလက်ဝယ်တွေ့ရှိသူ ဦးဖိုးတူး(၄၄)နှစ်ကို မိုးကောင်းမြို့မ ရဲစခန်းမှ မယ(ပ)၆၅/၂၀၁၇မူး/စိတ်၁၅/၁၉(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသိရသည်။

Comments
Post a Comment