ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပဉ္စမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်း အနားကျင်းပ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပဉ္စမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်း အနားကျင်းပ
EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၃
- ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် စက်တင်ဘာ ၁၃ရက် နံနက်ပိုင်းက လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့တွင် ပန်းချီပိုစတာပြိုင်ပွဲကို ပြုလုပ် ကျင်းပခဲ့သည်။
- လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့တွင် ပန်းချီပိုစတာပြိုင်ပွဲတွင် ဆုရသူများကို ဆုချီးမြှင့်ခဲ့ပြီး မြန်မာ နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ကချင်ပြည်နယ် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥက္ကဋ္ဌ ဗိုလ်မှူးကြီး သူရမျိုးတင်က အမှာစကားပြောကြားကာ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စု၁၂ မြစ်ကြီးနားမှ ရဲမှူး အောင်မင်းကြည်က လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဆောင်ရွက်မှု မှတ်တမ်းများ ရှင်းလင်းတင်ပြခဲ့သည်။
- မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ အမျိုးသမီးရေးရာ မီးသတ်သတ်ဖွဲ့ဝင်များ ယာဉ်ထိန်း ရဲတပ်ဖွဲ့ သူနာပြုများ ကျောင်းသူ ကျောင်းသားများ အယောက်၃၀၀ခန့် တက်ရောက်ခဲ့ကြ သည်။






Comments
Post a Comment