(၈)နှစ်အရွယ် ဒုတိယတန်း ကျောင်းသူတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွား
(၈)နှစ်အရွယ် ဒုတိယတန်း ကျောင်းသူတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွား
EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၀
- မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံ ရပ်ကွက်တွင် (၈)နှစ်အရွယ် ဒုတိယတန်း ကျောင်းသူတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြံစည်မှု စက်တင်ဘာလ ၁၈ရက် ညနေ ၇နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း နယ်မြေရဲစခန်းမှ သိရသည်။
- “လောလောဆည် ပုဒ်မနှစ်ခုတော့ရေးဖွင့်ထားတယ် ဆေးစာတော့မရသေးဘူး ဆေးစာရမှပဲ သေချာသိရမယ်” ဟု နယ်မြေရဲစခန်းမှ အရာရှိတစ်ဦးကပြောသည်။
- ယင်းနေ့ ည၌ ကျူးလွန်ခံရသူ အသက် (၈)နှစ်အရွယ် ဒုတိယတန်း ကျောင်းသူ မ.....သည် မိခင်နှင့်အတူ နေအိမ်တွင် ရှိနေစဉ် ၄င်း၏ဘခင် ဦးဒီဆီးရဲ့သည် သူငယ်ချင်း၎ယောက်နှင့်အတူ နေအိမ်အောက်ထပ်တွင် အရက်သောက်နေစဉ် မိခင်ဖြစ်သူ ဒေါ်ချာမီရဲ့မှာ အလုပ်ရှိ၍ အိမ်ပေါ်သို့ တက်သွားခဲ့ပြီး မ.....မှာ အဆိုပါ အရက်ဝိုင်း အနီးတွင် ဆော့၍ ကျန်ခဲ့စဉ် သမီးဖြစ်သူမှာ ပျောက်ဆုံးနေပြီး အရက်သောက်နေသူထဲမှ မောင်ဂိုကူမှာလဲ ပျောက်ဆုံးနေ၍ ရှာဖွေနေရာမှ နေအိမ်အနောက်ဘက် ဝါးရုံ တောဘက်မှ သမီးဖြစ်သူ ပြေးထွက်လာသဖြင့် မေးမြန်းရာတွင် မောင်ဂိုကူ ဆိုသူက ၎င်း၏ ပေါင်ပေါ်တွင် ထိုင်ခိုင်းပြီး သမီးဖြစ်သူ၏ ရင်ဘတ်အား ကိုင်တွယ်ပွတ်သပ်ခြင်း အတွင်းခံဘောင်းဘီအား ချွတ်၍ သား မယားအဖြစ် ပြုကျင့်ရန် ကြံစည်အားထုတ်မှုများပြုလုပ်ခဲ့သည် ဟု ဖြစ်စဉ်နှင့် ပတ်သက်၍ မြစ်ကြီးနား နယ်မြေရဲစခန်းမှ တိုင်ကြားချက်အရ သိရသည်။
- ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံဟုယူဆရသော ဝိုင်းမော်မြို့နယ် မခန္တီးကျေးရွာ ရပ်ကွက် (၄) နေသူ မောင်ဂိုကူ(မိ)အား ဥပဒေအရ အရေးယူပေးပါရန် မိခင်ဖြစ်သူ ဒေါ်ချာမီရဲ့မှ စက်တင်ဘာ၁၉ရက် ညနေ၃နာရီခန့်တွင် လာရောက် အမှုဖွင့်တိုင်ကြားသဖြင့် နယ်မြေရဲစခန်းမှ အမှုအမှတ် (ပ)၁၉၈/၂၀၁၇ ပုဒ်မ၃၇၆/၅၁၁(မုဒိမ်းမှုအတွက် ပြစ်ဒဏ်/ပြစ်မှုကျူးလွန်ရန် အားထုတ်မှု အတွက်ပြစ်ဒဏ်)ဖြင့် အမှုဖွင့် ဆောင်ရွက်နေကြောင်း သိရသည်။

Comments
Post a Comment