သတင်းအရ ၀င်ရောက်ရှာဖွေရာမှ နေအိမ်ခြံဝင်းအနောက်ဘက်ရှိ ပိန်းပင်များကြားတွင် သိုဝှက်ထားသော မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
သတင်းအရ ၀င်ရောက်ရှာဖွေရာမှ နေအိမ်ခြံဝင်းအနောက်ဘက်ရှိ ပိန်းပင်များကြားတွင် သိုဝှက်ထားသော မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
EPN
မိုးကောင်း၊ စက်တင်ဘာ ၁၉
- ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ညောင်ကုန်းကျေးရွာရှိ နေအိမ်တစ်အိမ်အား မူးယစ်ဆေးဝါး သတင်း အရ ၀င်ရောက်ရှာဖွေရာမှ နေအိမ်ခြံဝင်းအနောက်ဘက်ရှိ ပိန်းပင်များကြားတွင် သိုဝှက်ထားသော မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
- ဖြစ်စဉ်မှာ မိုးကောင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာတွင် မူးယစ်ဆေးဝါး များ ရောင်းဝယ်နေကြောင်း သတင်းရရှိသဖြင့် စက်တင်ဘာလ ၁၉ ရက်၊ နေ့ခင်း တစ်နာရီခွဲအချိန်ခန့်က မိုးညှင်းမူးယစ်တပ်ဖွဲ့ ဟိုပင်လှုပ်ရှားမှုအဖွဲ့(၃)နှင့် မိုးကောင်းမြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များသည် ညောင်ကုန်းကျေးရွာရှိ ဦးယော်ဆောင်း၏နေအိမ်အား မူးယစ်ဆေးဝါးရှာဖွေခွင့်ဝရမ်းဖြင့် ဝင်ရောက် ရှာဖွေခဲ့ကြောင်း သိရသည်။
- ယင်းကဲ့သို့ ၀င်ရောက်ရှာဖွေခဲ့ရာ ဦးယော်ဆောင်း၏ နေအိမ်ခြံဝင်းအတွင်းရှိ ဝက်ခြံအနောက်ဘက် မှ ပိန်းပင်များအတွင်းသိုဝှက်ထားသည့် အနက်ရောင်ကြွပ်ကြွပ်အိတ်အတွင်း ပလပ်စတစ်ဗူးဖြင့် ထည့်ထားသော ဘိန်းဆီဟု ယူဆရသော အညိုရောင်အစေး စုစုပေါင်းအလေးချိန်(၄၉၇) ဂရမ်၊ ၈၈/၁ စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၂၂၂၅) ပြား|ဘိန်းဖြူဟုယူဆရသော ဖြူ/ဝါကြား အမှုန့်(၁၁) ဂရမ်ခန့်စီပါ ဆပ်ပြာခွက်(၈)ခွက် စုစုပေါင်းအလေးချိန်(၈၈)ဂရမ်နှင့် မူးယစ်ဆေးရောင်းချရာမှ ရရှိထားသော ငွေဟု ယူဆရသောငွေကျပ် (၂၉)သိန်းကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
- "ကျနော်တို့ ညရောက်ရောက်ချင်း ဈေးဆိုင်ခန်းနဲ့ နေအိမ်ခြံဝင်းထဲရှာတာ မတွေ့ဘူးဗျ။ နောက်အိမ်ရှင်က ဖိုးရူနေတာတွေ့တော့ ဖမ်းဆီးစစ်မေးပြီး ခြံဝင်းထဲနောက်တစ်ခေါက်ပြန်ရှာမှ ဝက်ခြံ နောက်ဘက် ငှက်ပျောပင်တွေ ပိန်းပင်တွေကြားမှာထည့်ထားတာတွေ့ရတယ်" ဟု နယ်ထိန်းတပ်ဖွဲ့ဝင် ဒုတပ်ကြပ် သူရရှိန်က EPN သို့ ပြောသည်။
- ဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးလက်ဝယ်တွေ့ရှိသူ ဦးယော်ဆောင်း၊ အသက် (၄၅)နှစ်အား မိုးကောင်းမြို့မရဲစခန်းတွင် မယ(ပ) ၆၃/၂၀၁၇၊ မူး/စိတ်ပုဒ်မ -၁၅/၁၉(က)/၂၀ဖြင့် အရေးယူထားကြောင်း မိုးကောင်းမြို့မရဲစခန်းမှ သိရသည်။




Comments
Post a Comment