ရဝမ်တိုင်းရင်းသားမျိုးဆက်သစ်လူငယ်များစည်းလုံးခြင်း၊ ညီညွတ်ခြင်းနှင့် စုပေါင်းအားတို့ဖြင့် အောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်းနိုင်ကြောင်း သိရှိနားလည်ပြီး လိုက်နာဆောင်ရွက်တတ်စေရန် အတွက် ရဝမ် တိုင်းရင်းသားရေးရာဝန်ကြီး ဖလားဘောလုံးပြိုင်ပွဲ ပြုလုပ်ကျင်းပ
ရဝမ်တိုင်းရင်းသားမျိုးဆက်သစ်လူငယ်များစည်းလုံးခြင်း၊ ညီညွတ်ခြင်းနှင့် စုပေါင်းအားတို့ဖြင့် အောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်းနိုင်ကြောင်း သိရှိနားလည်ပြီး လိုက်နာဆောင်ရွက်တတ်စေရန် အတွက် ရဝမ် တိုင်းရင်းသားရေးရာဝန်ကြီး ဖလားဘောလုံးပြိုင်ပွဲ ပြုလုပ်ကျင်းပ
EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၆
- ရဝမ်တိုင်းရင်းသားမျိုးဆက်သစ်လူငယ်များစည်းလုံးခြင်း၊ ညီညွတ်ခြင်းနှင့် စုပေါင်းအားတို့ဖြင့် အောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်းနိုင်ကြောင်း သိရှိနားလည်ပြီး လိုက်နာဆောင်ရွက်တတ်စေရန် အတွက် ရဝမ် တိုင်းရင်းသားရေးရာဝန်ကြီး ဖလားဘောလုံးပြိုင်ပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။
- ရဝမ်တိုင်းရင်းသားရေးရာ ဝန်ကြီးဖလားရဝမ် မျိုးဆက်သစ်လူငယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကို ငြိမ်းချမ်းသာယာဘောလုံးကွင်း၌ စက်တင်ဘာ(၂၅)ရက် ညနေ(၃)နာရီက ရဝမ်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးရန်နမ်းဖုန် ကိုယ်တိုင်တက်ရောက်ကာ ကချင်ပြည်နယ် လွှတ်တော် ဒု-ဥက္ကဠ ဦးဒိန်ခန်ဖုန်ခန်လင် နှင့် ရဝမ် စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဒု-ဥက္ကဠဦးယုံငိုင်ရင် တို့သုံးဦးမှ ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ပြီး၊ ဆရာဦးဒချီထောဂျုံးမှ ဘောလုံးပွဲဆက်ကပ် ဆုတောင်းခြင်းအစီအစဉ်ကို ဦးဆောင်ခဲ့ကြောင်းသိရသည်။
- ၄င်းနောက် ရဝမ် တိုင်းရင်းသားရေးရာဝန်ကြီးဦးရန်နမ်းဖုန် ကအဖွင့်အမှာစကားပြောကြားပြီး ၄င်းဘောလုံးပွဲ စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဠဦးဒခွမ်လအောင် ကဘောလုံးပွဲနှင့် ပတ်သက်သော စည်းမျဉ်းစည်းကမ်းများနှင့် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းအသိပေး ပြောကြားပြီး နောက် ဘောလုံးကစားသမားလူငယ်များ ဘောလုံးကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြောင်းသိရသည်။
- “ဒီဘောလုံးပြိုင်ပွဲကို မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်တွေမှာနေထိုင်ကြတဲ့ ရဝမ်တိုင်းရင်းသား မျိုးဆက်သစ်တွေအတွက် ကျင်းပပေးတာပါ။ အဓိကကတော့ စည်းလုံးစေဖို့ ညီညွတ်စေဖို့နဲ့ စုပေါင်းအားနဲ့ ဆို ဘာမဆိုအောင်မြင်နိုင်တယ် ဆိုတာကိုရဝမ်လူငယ်တွေသိစေဖို့၊ သိပြီးနောက်တဆင့်အနေနဲ့ လိုက်နာ ဆောင်ရွက်တတ်စေဖို့ ဝန်ကြီးကရည်ရွယ်ပြီးကျင်းပပေးတာပါ။ အရေးကြီးတဲ့အချက်တခုက (၂၁)ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံကျင်းပနေတာဖြစ်လို့ ငြိမ်းချမ်းရေးဆိုတာတစ်ဦးတစ်ယောက်ထဲ ကြိုးစား လုပ်ဆောင်လို့မရဘူး။ ဘောလုံးကန်သလိုပဲအားလုံးစုပေါင်းပြီးညီညွတ်မှရတယ်။ အောင်မြင်တယ်ဆိုတာ ကိုသိစေပြီး။ ရဝမ်လူငယ်တွေ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာတက်တက်ကြွကြွ ပူးပေါင်းပါဝင်လာစေဖို့ အဓိက ရည်ရွယ်ပါတယ်။” ဟု ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီး၏ ကိုယ်ရေးအရာရဦးWခေါန်ဆင်ကပြောသည်။
- စည်းလုံးခြင်း၏အင်အား၊ ညီညွတ်ခြင်း၏အင်အား၊ စုပေါင်းခြင်း၏အင်အားတို့ဖြင့် အောင်မြင်မှု ရယူ နိုင်ကြောင်း ကို ရဝမ်တိုင်းရင်းသားမျိုးဆက်သစ်လူငယ်များ သိရှိနားလည်စေရန်နှင့် စုပေါင်းခြင်း စည်းလုံး ညီညွတ်ခြင်းတို့ဖြင့် အောင်မြင်မှုကို အတူလက်တွဲရယူတတ်စေရန် ရည်ရွယ်၍ ယခုဘောလုံးပြိုင်ပွဲကို ကျင်းပရခြင်း ဖြစ်သည် ဟု ဆိုသည်။
- “ရဝမ် လူငယ်တွေ စည်းစည်းလုံးလုံးနဲ့ ဘောလုံးအားကစားဖွံ့ဖြိုးတိုးတက်လာဖို့ မူးယစ်ဆေးဝါး သုံးစွဲမှုတွေ လျော့နည်းစေဖို့နဲ့ ပပျောက်စေဖို့၊ မူးယစ်ဆေးဝါးကို စိတ်မရာက်စေပဲအားကစားကို စိတ်ဝင်စား လာစေဖို့ပါ။ တဖက်တလမ်းကနေပြီးတော့ နိုင်ငံနဲ့လူမျိုးအတွက် အားထားရတဲ့ ဘောလုံးကစားသမားတွေ ပေါ်ထွန်းလာဖို့ကို အဓိကရည်ရွယ်ပါတယ်။” ဟု ဘောလုံးပွဲစည်းကမ်း ထိန်းသိမ်းရေးကော်မတီဥက္ကဠ ဦးဒခွမ်လအောင် ကပြောသည်။
- အဆိုပါ ရဝမ် တိုင်းရင်းသားရေးရာဝန်ကြီးဖလားဘောလုံးပြိုင်ပွဲကို စက်တင်ဘာ (၂၅)ရက်မှ စတင် ကျင်းပကာ မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်(၁၂)ရပ်ကွက်မှ ရဝမ်တိုင်းရင်းသား လူငယ်ကစားသမားများ ပါဝင်ယှဉ်ပြိုင်နေကြောင်းသိရသည်။
- ၄င်းပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန်အတွက် ရဝမ်တိုင်းရင်းသားစစ်စစ်ဖြစ်သူများနှင့် ဖခင်သော် လည်းကောင်း၊ မိခင်သော်လည်းကောင်းတစ်ဦးဦးမှ ရဝမ်တိုင်းရင်းသားဖြစ်မှသာ ဝင်ရောက်ယှဉ်ပြိုင် ခွင့်ပြုသည် ဟု ဆိုသည်။
- ပြိုင်ပွဲတွင် တစ်ပွဲချင်းအလိုက် အကောင်းဆုံးဆုများကိုချီးမြှင့်သွားမည်ဖြစ်ကာ ပြိုင်ပွဲပြီးဆုံးသည့် အခါ၌ ပထမဆုရအသင်းကိုဆုငွေကျပ်ငါးသိန်း၊ တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုဖလားပေးအပ်သွားမည်ဖြစ်ပြီး၊ ဒုတိယဆုရအသင်းကို ဆုငွေကျပ်သုံးသိန်းနှင့် တစ်ဦးချင်းဆုတံဆိပ်များကို ပေးအပ်မည်ဖြစ်ကာ နေရာ အလိုက် (အရှေ့တန်း၊ အလယ်တန်း၊ အနောက်တန်း၊ ဂိုးသမား) အကောင်းဆုံးဆုများလည်း ချီးမြှင့် သွားမည် ဖြစ်သော်လည်း ဆုကြေးငွေများကို သတ်မှတ်ထားခြင်းမရှိသေးကြောင်းသိရသည်။
- စက်တင်ဘာလ ၂၅ရက် ညနေ(၄)နာရီအချိန်၌ အဖွင့်ပွဲစဉ်အဖြစ် ထီဝန်းရပ်ကွက်နှင့် ရွှေစက်ရပ်ကွက် တို့ ယှဉ်ပြိုင်ကစားခဲ့ကြောင်းသိရသည်။
- ထီဝန်းရပ်ကွက်နှင့် ရွှေစက်ရပ်ကွက်တို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ရဝမ် တိုင်းရင်းသား လူမျိုးများနှင့် မြစ်ကြီးနားမြို့ပေါ်ရှိ ဘောလုံးဝါသနာရှင်များ လာရောက်အားပေးခဲ့ကြကြောင်း သိရသည်။








Comments
Post a Comment