ထာဝရ ငြိမ်းချမ်းရေးသတင်းကွန်ရက်
မိုးကောင်းမြို့တွင် ကြက်ဆီထမင်းစားရာမှ အစာအဆိပ်သင့်မှုဖြစ်ပွား
- နောက်ဆက်တွဲသတင်း မိုးကောင်းမြို့တွင် ကြက်ဆီထမင်းစားရာမှ အစာအဆိပ်သင့်မှုဖြစ်ပွားEPNမိုးကောင်း၊ စက်တင်ဘာ ၇ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မန်ရွက်အုပ်စု (၈)မိုင်မြို့ဟောင်းကျေးရွာ RC ဘုရားကျောင်း တွင် မယ်တော်မာရီယာမွေးနေ့ပွဲ၌ ကြက်ဆီထမင်းစားရာမှ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။မိုးကောင်းမြို့နယ် မန်ရွက်အုပ်စု(၈)မိုင် မြို့ဟောင်းကျေးရွာ RCဘုရားကျောင်းတွင် မယ်တော် မာရီယာမွေးနေ့ပွဲ၌ ကျွေးသော ကြက်ဆီထမင်းစားရာမှ အစာအဆိပ်သင့်ပြီး မူးဝေ၊ အော့အန်၊ ဗိုက်နာ ဝေဒနာဖြင့် ကလေးလူကြီး(၁၄)ဦးခန့်မိုးကောင်းပြည်သူ့ဆေးရုံသို့ ကနဦးရောက်ရှိခဲ့သည်။ကျန်ရှိလူနာများကို အဖြူရောင်လူငယ်လူမှုကူညီရေးကား(၂)စီး လောကတ္ထစရိယလူမှုကူညီရေး ကား(၃)စီး ဂရုနာရှင်နာရေးကူညီမှု(မန်ရွက်)ကားတစ်စီး မိုးကောင်းရဲတပ်ဖွဲ့ကားနှစ်စီး အသင်းတော်ကား တစ်စီးဖြင့် သွားရောက်ခေါ်ယူရာ ည၉နာရီခွဲအချိန်ထိ အစာအဆိပ်သင့်လူနာကျား(၁၉)ဦး မ(၃၄)ဦး ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိကုသမှုခံယူခဲ့သည်။"လူနာတွေတော့ သက်သာလာပြီဆိုပေမဲ့ တစ်ညစောင့်ကြည့်ရမှာဖြစ်လို့အားလုံးကို ဒီတစ်ညတော့ ဆေးရုံမှာတက်ခိုင်းထားမှာဖြစ်ပါတယ်" ကျန်းမာရေးမှူးအဆင့်(၁)ဦးလကြုံဘရန်မှပြောသည်။"စက်တင်ဘာ ၆ရက်နေ့ နေ့လည်၁၂နာရီလောက်မှာကျွေးတာကြက်ဆီထမင်းရယ် ဘာလချောင် ကြော်ရယ် ကြက်သားမွထားတာရယ် ထမင်းဗူးနဲ့ဝေတာ ကြက်ရိုးစွမ်ထန်ဟင်းရည်ကတော့ စားပွဲမှာချထား ပေးတာပေါ့။ မွေးနေ့ဆုတောင်းပွဲကိုလူ(၇၀)ဦးလောက်တော့လာတယ်။ စားပီးတော့ ကလေးလူကြီး တော်တော်များများ မူးဝေအော့အန်ကြတယ်။ တစ်ချို့ကလဲအပြင်ဆေးခန်းသွားတယ်ပြောတယ်။ အဖွားတို့ ကတော့ သုံးဘီးနဲ့ဒီကိုလာလိုက်ကြတာ" ဟု အသက်၇၅နှစ်ရှိ ဒေါ်ဂွန်ဆောင်လုအောန်မှ ပြောသည်။ချိုမောင်



Comments
Post a Comment