မိုးညှင်းမြို့ရှိ နေရပ်စွန့်ခွာ ဒုက္ခသည်များအား ကချင်ပြည်နယ်အစိုးရအဖွဲ့က ဒုတိယအကြိမ်မြောက် လာရောက်ထောက်ပံ့

မိုးညှင်းမြို့ရှိ နေရပ်စွန့်ခွာ ဒုက္ခသည်များအား ကချင်ပြည်နယ်အစိုးရအဖွဲ့က ဒုတိယအကြိမ်မြောက် လာရောက်ထောက်ပံ့

EPN
မိုးညှင်း စက်တင်ဘာ ၁၃
  • ကချင်ပြည်နယ် မိုးညှင်းမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် နေရပ်စွန့်ခွာ ဒုက္ခသည်များအတွက် ကချင်ပြည်နယ်အစိုးရမှ ဒုတိယအကြိမ်မြောက် ထောက်ပံ့ပစ္စည်းပေးအပ်လှူဒါန်းခြင်းကို စက်တင်ဘာ ၁၃ရက် နေ့လည် ၁နာရီအချိန်တွင် ဒုက္ခသည်များနေထိုင်ရာမိုးညှင်းမြို့ အုတ်ကျင်းရပ်ကွက်တွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။
  • ထောက်ပံ့ပစ္စည်းပေးအပ်ရာသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းစိန်လင်းနှင့် ကချင်ပြည်နယ် ကြက်ခြေနီအသင်းမှ တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
  • ''ကချင်ပြည်နယ်အစိုးရအဖွဲ့က ဆန်အိတ်  ၂၀ နဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက လူသုံးကုန် ပစ္စည်းမျိုးစုံ ၁၇ ဖာ လာရောက်လှူဒါန်းပါတယ်။ ဒုတိယအကြိမ်ပါ၊ ပထမအကြိမ်က  ဧပြီလထဲမှာ ဆန်အိတ်၅၀နဲ့ အခြားပစ္စည်းတွေပါပါတယ်၊ အဲဒီတုန်းက ဟိုဘက်ရှမ်းကျောင်းမှာပဲရှိသေးတယ်'' ဟု မိုးညှင်းမြို့ ရှမ်းစာပေ၊ ယဉ်ကျေးမှုနှင့် နာရေးကူညီမှုအသင်း အတွင်းရေးမှူး ဦးစိုင်းမောင်ထွေးက ပြောသည်။
  • အဆိုပါ ဒုက္ခသည်များသည် ပလောင်လက်နက်ကိုင်များရန်ကြောင့် ရှမ်းပြည်မြောက်ပိုင်း မန်တုံ မြို့နယ်တွင်းမှ နေရပ်စွန့်ခွာတိမ်းရှောင်လာကြခြင်းဖြစ်၍ ယခုနှစ်စောပိုင်း မတ်လအတွင်းက မိုးညှင်းမြို့သို့ရောက်ရှိလာခြင်းဖြစ်ကြောင်း ဒုက္ခသည်တစ်ဦးဖြစ်သည့် ဦးအိုက်ကွယ်ကပြောသည်။
  • ''ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်မှော်နေကျေးရွာက ပြောင်းရွှေ့လာတာပါ ရွာကထွက်လာတာ  ၆ လလောက်ရှိပြီ၊ ဒီနေရာကိုရောက်တာတော့ ၃ လ ဝန်းကျင်ရှိပြီ၊ လယ်စိုက် အခင်းစိုက် အငှားလိုက်ပါ တယ်၊ ရွာကိုတော့ မပြန်တော့ဘူး ဒီမှာပဲနေမယ်၊ ကလေးတွေ ပညာရေးလည်း ကောင်းပါတယ်” ဟု ဦးအိုက်ကွယ်က ပြောကြားသည်။
  • အဆိုပါ ဒုက္ဓသည်များနေထိုင်ရန်အတွက် သွပ်မိုး၊ ဝါးကြမ်းခင်း၊ ထရံကာ ၉ ပေ ၂ ခန်းပတ်လည် အိမ်ယာ ၁၇ လုံးကို မိုးညှင်းမြို့ ရှမ်းစာပေယဉ်ကျေးမှုအသင်းက  အများကောင်းမှုဖြင့် ဆောက်လုပ်ပေးခဲ့ပြီး နေထိုင်သူ အိမ်ထောင်စု ၁၇ စုနှင့် လူဦးရေ ၇၁ ယောက်ရှိသည် ဟု ၎င်းအဖွဲ့အတွင်းရေးမှူး ဒေါ်နန်းမြစိန် က ပြောသည်။
  • အဆိုပါအိမ်ထောင်စုများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ICRC မှ ပဲပုပ်စိုက်ပျိုးရန် ရင်းနှီး မ တည်ငွေအဖြစ် အိမ်ထောင်စုတစ်စုကို ကျပ် ၂ သိန်းခွဲစီ လှူဒါန်းထောက်ပံ့ရန် စီစဉ်လျှက်ရှိကြောင်း ရှမ်းစာပေယဉ်ကျေးမှု ဥက္ကဌဦးစိုင်းသောင်းထံမှ သိရသည်။
                                                   ဂျူနီယာပေါက်ကျိုင်း





Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ