ဧရာရပ်ကွက်ရှိ စုပေါင်းရုံးတွင် လျှပ်စစ်မီတာခများကို လာရောက်ပေးဆောင်နိုင်ကြောင်း ဘူးဂါးလျှပ်စစ် ဓါတ်အားပေးလုပ်ငန်း(ဖြန့် ဖြူး )မှပြော
ဧရာရပ်ကွက်ရှိ စုပေါင်းရုံးတွင် လျှပ်စစ်မီတာခများကို လာရောက်ပေးဆောင်နိုင်ကြောင်း ဘူးဂါးလျှပ်စစ် ဓါတ်အားပေးလုပ်ငန်း(ဖြန့် ဖြူး )မှပြော
EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၈
- ဧရာရပ်ကွက်ရှိ စုပေါင်းရုံးတွင် လျှပ်စစ်မီတာခများကို လာရောက်ပေးဆောင်နိုင်ကြောင်း ဘူးဂါးလျှပ်စစ် ဓါတ်အားပေးလုပ်ငန်း(ဖြန့် ဖြူး )မှ မန်နေဂျာ ဦးလအောင်က ပြောသည်။
- “အဓိကကတော့ အစိုးရရုံးဝန်ထမ်းတွေ အဆင်ပြေစေဖို့နဲ့ အများပြည်သူ အဆင်ပြေစေဖို့အတွက် ဒီနှစ် နှစ်စလောက်ကတည်းက အဲ့ဒီမှာ စဆောင်လို့ ရနေတာပါ” ဟု၎င်းကပြောသည်။
- မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ စုပေါင်းရုံး ပြည်သူ့ဝန်ဆောင်မှုရုံး OSS (မြတ်မွန်ဆေးရုံကြီး၏ ရှေ့တည့်တည့်)တွင် စနေနေ့မှ သောကြာနေ့အထိ ရုံးချိန်အတွင်း လျှပ်စစ်မီတာခကို လာရောက် ပေးဆောင်နိုင်ကြောင်း ဦးလအောင်က ပြောသည်။
- ယခင်က ယုဇနရပ်ကွက်ရှိ ဘူးဂါးလျှပ်စစ် ဓါတ်အားပေးလုပ်ငန်းရုံး တစ်နေရာတည်းတွင်သာ လျှပ်စစ်မီတာခ ပေးဆောင်ရသောကြောင့် လူများ၍ အချိန်ကြာမြင့်စွာ စောင့်ရသည့် နေ့များရှိကြောင်း ဒေသခံများအကြား ပြောဆိုမှု ရှိခဲ့သည်။
- လျှပ်စစ်မီတာခကို တစ်ယူနစ်လျှင် အစိုးရ၊ ဘာသာသာသနာ၊ တပ်မတော်ကို ၉၀ကျပ်၊ အများပြည်သူ အိမ်သုံးမီတာ ၁၁၀ကျပ်နှင့် စီးပွားရေးလုပ်ငန်းရှင်များကို ၁၅၀ကျပ် ပေးဆောင်ရပြီး ၂၅ရက် နေ့ နံနက်ပိုင်းတွင် နောက်ဆုံးပေးသွင်းရမည်ဖြစ်ကာ ထိုနေ့ထက် ကျော်လွန်ပြီး မပေးဆောင်သေးပါက ဒဏ်ကြေးငွေ ၂၀၀၀ အပိုပေးသွင်းရသည်။
- “ဘူးဂါးလျှပ်စစ် ဓါတ်အားပေးလုပ်ငန်းသည် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနနှင့်၂၀၀၇ ခုနှစ်မှ စတင်ကာ ၂၀၃၇အထိ စုစုပေါင်း သက်တမ်း အနှစ်၃၀ စာချုပ်ချုပ်ဆိုထားပြီး ပြည်သူများအတွက် ဓာတ်အား ပြတ်တောက်ချိန် အနည်းဆုံးဖြစ်အောင် ကြိုးစားပေးသွားမည်” ဟု ဦးလအောင်က ပြောသည်။



Comments
Post a Comment