မိုးကောင်းမြို့နယ်လုံးဆိုင်ရာ စတုတ္ထအကြိမ်မြောက် လူငယ် ဝတ်ရွတ်ပူဇော်ပြိုင်ပွဲ ပထမဆုချီးမြှင့်ရန် မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေပေးအပ်လှူဒါန်း

မိုးကောင်းမြို့နယ်လုံးဆိုင်ရာ စတုတ္ထအကြိမ်မြောက် လူငယ် ဝတ်ရွတ်ပူဇော်ပြိုင်ပွဲ ပထမဆုချီးမြှင့်ရန် မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေပေးအပ်လှူဒါန်း

EPN
မိုးကောင်း   စက်တင်ဘာ ၁၅
  • မိုးကောင်းမြို့ ဈေးကုန်းရပ်ကွက်ရှိ ပြည်လုံးချမ်းသာရွှေသာလျောင်းဘုရား အာရုံခံတန်ဆောင်း၌ ကျင်းပလျက်ရှိသည့် မိုးကောင်းမြို့နယ်လုံးဆိုင်ရာ စတုတ္ထအကြိမ်မြောက် လူငယ်ဝတ်ရွတ်ပူဇော်ပြိုင်ပွဲ တတိယနေ့အဖြစ် ယနေ့ စက်တင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီက ရပ်ကွက်ကျေးရွာဝတ်ရွတ်အသင်း များဆက်လက်ယှဉ်ပြိုင်ခဲ့ရာတွင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
  • ပထမဆုရရှိသည့် လူငယ်ဝတ်ရွတ်အသင်း အားဆုချီးမြှင့်နိုင်ရန် လိုအပ်နေသော အလှူငွေအား မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ငွေကျပ်တစ်သိန်းကို ပြိုင်ပွဲဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းစိန်နှင့် အတွင်းရေးမှူး ဦးထွန်းအောင်ဦးတို့ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
  • "ပြိုင်ပွဲမှာ ပထမဆုအဖြစ် ငွေကျပ်နှစ်သိန်းချီးမြှင့်မှာဆိုတော့  မိုးကောင်းမြို့ အစိမ်းရောင်ပရဟိတ လူမှုကူညီရေးအသင်းနဲ့ မိုးကောင်းမြို့ ရှမ်းမျိုးနွယ်စုရိုးရာယဉ်ကျေးမှုအဖွဲ့တို့ကလည်း အဲဒီဆုအတွက် ငွေကျပ်ငါးသောင်းစီ လှူဒါန်းပါတယ်။ ပြိုင်ပွဲဝင်ဝတ်ရွတ်အသင်း(၁၇)သင်းရှိပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုတွေအပြင် ကျန်(၁၄)သင်းစလုံးကို ပြိုင်ပွဲဝင်နှစ်သိမ့်ဆုတွေ ချီးမြှင့်ပေးမှာပါ။ ပြိုင်ပွဲဖြစ်မြောက် ရေးအတွက် အလှူရှင်တွေရဲ့ လှူဒါန်းငွေကျပ်သိန်း၃၀ခန့် လက်ခံရှိထားပါတယ်" ဟု ပြိုင်ပွဲဖြစ်မြောက်ရေး ကော်မတီအတွင်းရေးမှူး ဦးထွန်းအောင်ဦးကပြောကြားသည်။
  • မိုးကောင်းမြို့နယ်လုံးဆိုင်ရာ စတုတ္ထအကြိမ်မြောက် လူငယ်ဝတ်ရွတ်ပူဇော်ပြိုင်ပွဲ တတိယနေ့တွင်  မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်နှင့် မြို့နယ်ပါတီကော်မတီဝင် များက သွားရောက်ကြည်ညိုအားပေးပြီး အလှူငွေပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
                                                    ဦးဝင်းအောင်(မိုးကောင်း)

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ