မိုးကောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးနှင့်အဖွဲ့ မိုင်းထိလူနာအားထောက်ပံ့ငွေပေးအပ်
မိုးကောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးနှင့်အဖွဲ့ မိုင်းထိလူနာအားထောက်ပံ့ငွေပေးအပ်
EPN
မိုးကောင်း စက်တင်ဘာ ၂၃
- စက်တင်ဘာ တတိယပတ်အတွင်း ကျေးရွာနှင့် ခုနစ်မိုင်ခန့်အကွာ ဒေသအခေါ် နမ်းခမ်း ကွင်းသို့ ခင်ပွန်းဖြစ်သူနှင့်အတူ ဟင်းသီးဟင်းရွက်ရှာ မျှစ်ချိုးထွက်ရင်း မြေမြုပ်မိုင်းနင်းမိ၍ မြစ်ကြီးနားမြို့ရှိ ပြည်နယ်အထွေထွေရောဂါကု ဆေးရုံကြီး၌ ဝဲဖက်ခြေထောက် ဒူးဆစ်အောက်ပိုင်းဖြတ်တောက်ကုသမှု ခံယူခဲ့ရသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဒေါ်ခင်မာလာ(ခ)ဒေါ်ချိုသဲ(၃၂)နှစ်အား တွေ့ဆုံအားပေးစကားပြောကြား၍ ထောက်ပံ့ငွေ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
- မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီအတွင်းရေးမှူး ဦးပြည့်ဖြိုးမင်းနှင့် ကော်မတီဝင်များသည် စက်တင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီက မြို့သစ်ကြီးကျေးရွာသို့ သွားရောက်၍ မိုင်းထိလူနာအား ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်းသိရသည်။
- မြို့နယ်ပါတီ၏ထောက်ပံ့ ငွေကျပ်ငါးသောင်း၊ မြို့နယ်ပါတီကော်မတီ အတွင်းရေးမှူး၏ ထောက်ပံ့ငွေကျပ်တစ်သောင်း၊ မြို့နယ်ပါတီကော်မတီဝင် ဦးစိုးနွယ်နှင့် ဒေါ်လီလီဆွေ တို့၏ ထောက်ပံ့ငွေကျပ်ငါးထောင်စီတို့ကို မိုင်းထိလူနာဒေါ်ခင်မာလာ(ခ)ဒေါ်ချိုသဲ ထံ ပေးအပ်ခဲ့ကြသည်။
- အလားတူ မြို့နယ်ပါတီကော်မတီဝင်(နယ်မြေတာဝန်ခံ)ဦးဝင်းကိုနှင့် အဖွဲ့ကလည်း မြို့နယ်ပါတီ ကိုယ်စား ငွေကျပ်သုံးသောင်းကို မြစ်ကြီးနားမြို့ရှိ ပြည်နယ်ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူ နေစဉ် သီးခြားပေးအပ်ထောက်ပံ့ခဲ့ကြောင်း မြို့နယ်ပါတီကော်မတီ အတွင်းရေးမှူး ဦးပြည့်ဖြိုးမင်းက ပြောသည်။


Comments
Post a Comment