မိုးညှင်းမြို့နယ်အတွင်း မြစိမ်းရောင်စီမံချက်လုပ်ငန်း အောင်မြင်နေဟု မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနပြော

မိုးညှင်းမြို့နယ်အတွင်း မြစိမ်းရောင်စီမံချက်လုပ်ငန်း အောင်မြင်နေဟု မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနပြော

EPN
မိုးညှင်း စက်တင်ဘာ ၂၈
  • မိုးညှင်းမြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ပေးခဲ့သော ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေထဲမှ ကျေးလက်ပြည်သူများအတွက် မြစိမ်းရောင်စီမံချက်လုပ်ငန်း ဆောင်ရွက်ပေးမှုအခြေအနေ အောင်မြင်နေကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပြောသည်။
  • အဆိုပါအချက်အလက်များအား စက်တင်ဘာ၂၈ရက်နေ့နေလည် ၁၀နာရီအချိန်က မိုးညှင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမတွင် ပြုလုပ်သော ကျေးရွာ(၈)ရွာအား မြစိမ်းရောင် ကျေးလက်ရန်ပုံငွေအဖြစ် စုစုပေါင်းကျပ် သိန်းပေါင်း(၂၄၀၀) ပေးအပ်ပွဲတွင် ပြောကြားခဲ့ကြောင်းသိရသည်။
  • "အခုလိုမဖွံ့ဖြိုးသေးတဲ့ ကျေးလက်တွေဖွံ့ဖြိုးလာအောင် ဌာနအနဲ့ဆောင်ရွက်ပေးခဲ့တာ ဆုံးရှုံးမှု မရှိဘဲ လုံးဝအောင်မြင်တယ်လို့ ပြောချင်ပါတယ် ကျွန်တော်တို့ဌာနက ချပေးလိုက်တဲ့ ကျေးရွာရန်ပုံငွေ ကျပ်သိန်း(၃၀၀)ကို သူတို့ကျေးရွာသားအချင်းချင်း ညှိနှိုင်းပြီး ကျေးရွာအတွက် အသုံးပြုနိုင်ကြလို့ ၁၀၀ရာခိုင်နှုန်းအောင်မြင်တယ်လို့ ဆိုချင်ပါတယ်" ဟု  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီမှူး ဦးဆန်းမင်းကပြောသည်။
  • ယခု မြစိမ်းရောင်ရန်ပုံငွေအဖြစ် ထပ်မံပေးအပ်ခဲ့သော  ကျေးရွာ(၈)ရွာမှာ မိုးညှင်းမြို့နယ်အတွင်းရှိ ဆယ်မိုင်ကျေးရွာ၊ ညောင်ကိုင်းကျေးရွာ၊ နန်းမားဒေသ နန်းခမ်းကျေးရွာ၊ ပင်ရဲလှကျေးရွာ၊ ဘီလူး သာယာကုန်းကျေးရွာ၊ ဟိုပင်ရှမ်းကုန်းကျေးရွာ၊ အင်းတော်ကြီးဒေသ မိုင်းပုတ်အုပ်စု တုံပင်ကျေးရွာ တို့ ဖြစ်ပြီး ကျေးရွာတစ်ရွာလျှင် ကျေးရွာရန်ပုံငွေကျပ်သိန်း(၃၀၀) စီပေးအပ်ခဲ့ကြောင်းသိရသည်။
  • အဆိုပါ စီမံကိန်းကို မိုးညှင်းမြို့နယ်အတွင်း ၂၀၁၄-၂၀၁၅မှ စတင်ကာကျေးရွာ(၂၃)ရွာရှိ ပြည်သူ(၁၈၈၄)ဦးကို ချေးငွေ ကျပ် (၉၂၀၁) သိန်းဖြင့် အကောင်အထည်ဖော်ပေးနိုင်ခဲ့ရာ ယခုအတိုးငွေ ကျပ်သိန်း (၂၅၉၂ )သိန်းရရှိနေပြီဖြစ်ကြောင်းသိရသည်။
  • ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပေးသောကျေးရွာရန်ပုံငွေကို ကျေးရွာသားများ၏  စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရောင်းဝယ်ရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ မီးလင်းရေး၊ လက်မှုပညာနှင့် အသက်မွေး ၀မ်းကျောင်း လုပ်ငန်းများလုပ်ကိုင်နိုင်ရန်အတွက် ကျေးရွာကော်မတီတို့မှ  ဌာန၏သတ်မှတ်ထားသော အတိုးနှုန်းဖြစ်သည့် ငါးမှူး၊ တစ်ကျပ်၊ တစ်ကျပ်ခွဲနှုန်းသားများဖြင့်သာ ချေးပေးနိုင်ကြောင်း ဦးဆန်းမင်းက ရှင်းပြသည်။
  • မြစိမ်းရောင်စီမံကိန်းရန်ပုံငွေအဖြစ် ချေးပေးသည့်ကျေးရွာများသည် လောင်းကစားကင်းရမည်၊ လမ်းပန်းဆက်သွယ်မှုကောင်းရမည်၊ လူနေအိမ်ခြေ(၈၀)အထက်ရှိရမည်၊ စိုက်ပျိုးမွေးမြူရေးလုပ်တဲ့ ကျေးရွာဖြစ်ရမည်၊ ကျေးရွာသူ/သားများ၏ ပူးပေါင်းပါဝင်မှု စိတ်အားထက်သန်မှုကျေးရွာဖြစ်ရမည် ကျေးရွာ သားများ၏ စီမံကိန်းဆောင်ရွက်ရန် လိုလားစွာ တင်ပြမှုဆိုတဲ့အချက်တွေနှင့် ပြည့်စုံရမည်ဖြစ်ကြောင်း မြို့နယ်ဦးစီမှူး ဦးဆန်းမင်းကပြောသည်။
  • စိုက်ပျိုးရေးဦးစားပေးလုပ်နေတဲ့ ကျေးရွာတွေကို ငွေအတိုးနှုန်းနည်းနည်း နဲ့ထုတ်ချေးပေးလို့ ကျေးဇူးတင်ပါတယ် ကျေးရွာတော်တော်များများက ဆင်းရဲကြပြီး  အရင်းအနှီးမရှိလို့ တိုးတက်မှုတွေ နှေးနေကြပါတယ် အပြင်မှာက ငွေချေးရင်အတိုးများတယ် အနည်းဆုံး၅ကျပ်တိုးပေးရတယ်။ မြစိမ်းရောင် စီမံကိန်းအနေနဲ့ ရောက်လာတော့ အတိုးနှုန်းနည်းနည်းနဲ့ ရရှိပြီး ရတဲ့အတိုးတွေကိုလည်း ကျေးရွာ ဖွံ့ဖြိုးရေးမှာ ပြန်ပြီးသုံးပေးမှာဆိုတော့ ပိုပြီးဝမ်းသာရပါတယ် ဟု နန့်စီးအောင် သာယာကုန်းကျေးရွာသား ဦးတင်အေးကပြောသည်။
  • မိုးညှင်းမြို့နယ်အတွင်း မြစိန်းရောင် စီမံချက်အရ ကျေးရွာသားများအားထုတ်ချေးသည့်ငွေမှ အတိုးငွေကျပ်သိန်း (၁၀၀) ရရှိလျှင် ၅၀ရာခိုင်းနှုန်းကို အဆိုပါကျေးရွာအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းတွင် အသုံးပြုခွင့်ပေးထားကြောင်း သိရသည်။
  • မြန်မာတစ်နိုင်ငံလုံးတွင် မြို့နယ်ပေါင်း (၂၈၈)မြို့နယ် ကျေးရွာပေါင်း(၉၉၀၄)ရွာကို မြစိမ်းရောင် စီမံကိန်းအနေနဲ့ နိုင်ငံတော်အစိုးရက ကျေးရွာရန်ပုံငွေအဖြစ် မတည်ပေးအပ်ထားကြောင်းသိရသည်။
                                                               သူရ



Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ