ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးဦးစီးဌာနရုံးမှ ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်စာမေးပွဲစစ်ဆေး

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးဦးစီးဌာနရုံးမှ ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်စာမေးပွဲစစ်ဆေး

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၃
  • ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးဦးစီးဌာန၊ ပြည်နယ်ရုံး မြစ်ကြီးနားမြို့တွင် စက်တင်ဘာ(၂၃)ရက် နေ့လည်(၁)ခွဲခန့်က ၄င်းရုံးဘေးကပ်လျှက် လမ်းကြား၌ ဆိုင်ကယ်ယာဉ်မောင်း (က)လိုင်စင်စစ်ဆေးခြင်းစာမေးပွဲကို ပြုလုပ်ခဲ့ကြောင်းသိရသည်။
  • “ယာဉ်မောင်းလိုင်စင်တွေ စစ်မယ်ဆိုတော့ အခုလိုင်စင်လာလုပ်တဲ့သူများလာတယ်။ အရင်ကဆို တစ်ပတ်မှာအယောက်(၂၀)လောက်ပဲရှိတယ်။ အခုတော့ သိသိသာသာများလာတယ်။ ဘယ်လောက်တိုး လာသလဲတော့ မသိသေးဘူး။ အခုမှ ပထမဆုံးအပတ်ပဲရှိသေးလို့။ စာရင်းအတိအကျ မသိသေးဘူး။” ဟု ကချင်ပြည်နယ်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးဌာနမှူး ကပြောသည်။
  • ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်(က)ဖြေဆိုရန်အတွက် ကညနရုံး၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင်တန်း(၁)ရက် တက်ရောက်ကြရပြီး၊ သင်တန်းကြေးအဖြစ် (၁၀၀၀)ကျပ် ပေးသွင်းရကာ မော်တော်ယာဉ်မောင်းလိုင်စင်အတွက် သင်တန်းကြေးအဖြစ် (၂၀၀၀)ကျပ်ပေးသွင်းကြရကာ ပညာပေး သင်တန်း(၂)ရက် တက်ရောက်ရသည် ဟု သိရသည်။
  • “ဗုဒ္ဓဟူးနေ့မှာပညာပေးသင်တန်း(၁)ရက်တက်ရတယ်။ ဒီနေ့ စနေနေ့မှာစာမေးပွဲပေါ့။ ဆိုင်ကယ်ကို သူတို့လုပ်ထားတဲ့ လမ်းပေါ်ကအတုံးတွေကို  ကွေ့ပတ်ပြီးရှောင်မောင်းပြရတယ်။ ပညာပေးသင်တန်း တက် တာကကောင်းပါတယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနားလည်သွားတာပေါ့။ စာမေးပွဲဖြေတာကတော့ အထွေအထူးမဟုတ်ပါဘူး။ ကောင်းကောင်းမောင်းတတ်သလား၊ စစ်ဆေးတဲ့သဘောပါပဲ။” ဟုဆိုင်ကယ် ယာဉ်မောင်းလိုင်စင် (က)အတွက် စာမေးပွဲလာရောက်ဖြေဆိုသူ ဒေါ်ကော့အောင် ကပြောသည်။
  • ယာဉ်မောင်းလိုင်စင်လျှောက်ထားသူများအနေနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး သင်တန်းကို ဗုဒ္ဓဟူးနေ့တိုင်းဖွင့်လှစ်သင်ကြားပေးလျှက်ရှိပြီး၊ ဆိုင်ကယ်လိုင်စင်အတွက် သင်တန်း ကာလ(၁)ရက်၊ ကားမောင်းလိုင်စင် အတွက် သင်တန်းကာလ(၂)ရက်ဖြစ်ပြီး၊ သင်တန်းကြေးအဖြစ် ဆိုင်ကယ်အတွက် သင်တန်းကြေးအဖြစ် (၁၀၀၀)ကျပ်နှင့် ကားအတွက် သင်တန်းကြေးအဖြစ် (၂၀၀၀)ကျပ် ပေးဆောင်ရမည်ဖြစ်သည်။ သင်တန်းတက်ရောက်သူများကို Webcam ဖြင့်ဓါတ်ပုံမှတ်တမ်း တင်ထားကြောင်း၊ မှတ်ပုံတင်ထားသော ယာဉ်မောင်းသင်တန်းတက်ရောက်ပြီး သူများသင်တန်း ထပ်တက်ရန်မလိုကြောင်းသိရသည်။
  • အဆိုပါ အသိပညာပေးသင်တန်းမှ လမ်းညွှန်များ၊ လမ်းအမှတ်အသားနှင့် အချက်ပြများ၊ မော်တော်ယာဉ် သွားလာမှုစည်းကမ်းများ၊ စံပြမေးခွန်းများတွင်ပါရှိသည့် ယာဉ်သွားလာမှုနှင့် ပတ်သက်သည့်အချက်များ၊ မော်တော်ယာဉ် ဥပဒေပါ တားမြစ်ချက်များနှင့် ပြစ်ဒဏ်များ၊ ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှု ဖြစ်စေသည့် ကိစ္စရပ်များ (လူ၊ ယာဉ်၊ လမ်း၊ ရာသီဥတု၊ အခြားကိစ္စရပ်များ)၊ ရုံးစိုက်ရာ ဒေသအလိုက် ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်များ (မှတ်တမ်းဓါတ်ပုံများနှင့် ရှင်းလင်း ဆွေးနွေးရန်)၊ ယာဉ်မောင်းလိုင်စင် စစ်ဆေးခြင်းဆိုင်ရာပညာပေးဗီဒီယို ပြသခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းမေးခွန်းများ၊ ဖြေဆိုပုံ၊ ဖြေဆိုနည်းစနစ်နှင့် နည်းလမ်းတကျ ခဲခြစ်ဆောင်ရွက်တတ်စေရန် ရှင်းပြသခြင်းတို့ကိုသင်ကြားပြသပေးကြောင်း သိရသည်။
                                                         ဘရန်ဆိုင်း





Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ