သဘာဝဆိုးဆေးသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
သဘာဝဆိုးဆေးသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၁
- ကချင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အသေးစားစက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ကြီးမှူးဖွင့်လှစ်သော သဘာဝ ဆိုးဆေး သင်တန်းအား စက်တင်ဘာလ ၂၁ရက် နံနက် ၉ နာရီအချိန်ခန့်က မြစ်ကြီးနားမြို့ ရန်ကြီးအောင် ရပ်ကွက် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
- ရှေးဦးစွာ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးမြသိန်းက အခုလို နည်းပညာ သင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ကိုယ်ပိုင်လုပ်ငန်းရှင်များ ပေါ်ထွက်လာနိုင်ခြင်း အလုပ်အကိုင် အခွင့်အလန်းများ ပိုမိုရရှိလာစေခြင်း ဆင်းရဲနွမ်းပါးမှုများ လျှော့ချစေနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်၍ ယခုသင်တန်းမှ ပို့ချပေးမည့် ပညာရပ်များကို စိတ်ပါဝင်စားစွာ လိုက်နာသင်ယူသွားကြရေး အဖွင့်မိန့်ခွန်းတွင် အကျယ်တဝန့်ထည့်သွင်းပြောကြားခဲ့သည်။
- "အရင်က ဒီမှာဖွင့်ပေးတဲ့ စက်ချုပ်သင်တန်းလည်း တက်ပြီးပါပြီ ဒီသင်တန်းကိုလည်း ဝါသနာ ပါလို့ပါ ဘယ်အတတ်ပညာမဆို တတ်ထားသင့်တယ်လေ ကျမကအပြင်မှာလဲ တစ်ကယ်လုပ်ကိုင် စားသောက်နိုင်တဲ့အထိ ကြိုးစားသင်ယူပြီး လုပ်ကိုင်သွားမှာပါ" ဟု ဒူကထောင်တိုက်ပွဲရှောင်စခန်းမှ ဒေါ်ခေါ်ခေါန်ဖန်က ပြောသည်။
- အဆိုပါသင်တန်းသို့ မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့များရှိ စစ်ရှောင်စခန်းများနှင့် မြို့ပေါ်ရပ်ကွက်များမှ သင်တန်းသား/သူ ၂၀ဦးတက်ရောက်ခဲ့ပြီး သဝသစ်ရွက်သစ်မြစ်သစ်ဥသစ်ခေါက်တို့မှ ထုတ်လုပ်သော ဆိုးဆေးများကို မိမိတို့နှစ်သက်ရာအရောင်များ ရောစပ်ဖန်တီးပြီး ချည်ခင်များတွင် အရောင်ဆိုးခြင်းစသည့် နည်းပညာရပ်များအား စက်တင်ဘာလ၂၁ရက်မှ ၂၇ရက်နေ့ထိ ရက်သတ္တတစ်ပတ်ကြာ ကျောင်းအုပ် ဆရာမကြီး ဒေါ်မြဉ္ဇူဝင်းနှင့် ဒေါ်ခင်မြင့် အကြီးတန်းနည်းပြတို့က စာတွေ့လက်တွေ့များဖြင့် သင်ကြားပြသ ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
- အခမ်းအနားသို့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဦးမြသိန်နှင့် ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နည်းပြ ဆရာမများ၊ သင်တန်းသူများ စုစုပေါင်းအင်အား ၃၀ဦး တက်ရောက်ခဲ့သည်။



Comments
Post a Comment