ဗန်းမော်မြို့တွင် ပဉ္စမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနား ကျင်းပ
ဗန်းမော်မြို့တွင် ပဉ္စမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနား ကျင်းပ
EPN
ဗန်းမော်၊ စက်တင်ဘာ ၁၃
- ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ပဉ္စမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်အနားကို စက်တင်ဘာ ၁၃ ရက် နံနက် ၈ နာရီက သာစည်ရပ်ကွက် မြို့တော်ခန်းမတွင် ကျင်းပ ခဲ့ကြောင်းသိရသည်။
- ဗန်းမော်ခရိုင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့် က၂၀၁၇ခုနှစ် ပဉ္စမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ဒုတိယသမ္မတ ပြောကြားသည့် မိန့်ခွန်းကိုဖတ်ကြားခဲ့ပြီး မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်း ဆောင်ရွက်မှုများကို ဗန်းမော်လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု (၁၂) တပ်စိပ်(၁) က ဗွီဒီယို မှတ်တမ်း ၁၀မိနစ် ပြသပေးခဲ့သည်။
- အဆိုပါ အခမ်းအနားသို့  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလွင်၊ ပြည်နယ်လွှတ်တောာ်ကိုယ်စားလှယ် ဦးဇော်သင်း၊ ခရိုင်လူကုန်ကူးမှု တားဆီး ကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမင်းကြီး အေးသွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ မိခင်နှင့် ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့၊ ခရိုင်/ မြို နယ် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်း ၁၂၀ ကျော်တက်ရောက်ခဲ့ကြောင်းသိရသည်။

Comments
Post a Comment