မြစ်ကြီးနားမြို့တွင် ကလေးသူငယ် ပြစ်မှုကျူးလွန်သူ ယခင်နှစ်ကထက် များပြားလာ

မြစ်ကြီးနားမြို့တွင် ကလေးသူငယ် ပြစ်မှုကျူးလွန်သူ ယခင်နှစ်ကထက် များပြားလာ

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၆
  • မြစ်ကြီးနားမြို့တွင် ကလေးသူငယ် ပြစ်မှုကျူးလွန်သူ ယခင်နှစ်ကထက် များပြားလာကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၏ ရဲမှူးသန်းဦးက ပြောသည်။
  • “အရင်နှစ်ကထက် စာရင်တော့ အသက်၁၆နှစ်အောက်တွေ နဲနဲများလာတယ် အဓိက ကစီးပွားရေး အနေအထားကြောင့်ရယ် အပေါင်းအသင်း မှားတာရယ် မိဘထိန်းကျောင်းမှု့တွေနဲ့လည်း ဆိုင်မယ် ထင်တယ်” ဟု ၎င်းကပြောသည်။
  • ၂၀၁၆ တစ်နှစ်လုံးတွင် အသက်၁၈နှစ်အောက် ကလေးသူငယ် ပြစ်မှုကျုးလွန်သူ ၁၅ဦးခန့်သာ ရှိခဲ့သော်လည်း ၂၀၁၇ ဇန်န၀ါရီလမှ စက်တင်ဘာလအထိ ၁၈ဦးရှိသည်။
  • “တရားရုံးက အမှုတွေ ပြီးပြတ်သွားရင် သူတို့ကို တရားရုံးက ပြစ်ဒဏ် ကျခံရတဲ့နှစ်အတိုင်းပဲ လူငယ်ပြုပြင် ထိန်းသိမ်းရေး ကျောင်းကိုပို့တယ်” ဟု ရဲမှူးသန်းဦးကပြောသည်။
  • ယခုနှစ်တွင် မြစ်ကြီးနားမြို့ မြို့မရဲစခန်းမှ အမှုရင်ဆိုင်နေရသူ ၉ဦးရှိ၍ နယ်မြေရဲစခန်းတွင် ၃ဦးရှိကာ ဆင်ဘိုရဲစခန်းနှင့် တာလောကြီးရဲစခန်းတွင် အသက်၁၈နှစ်အောက် အမှုရင်ဆိုင်နေရသူ မရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများအရ သိရသည်။
  • “ကချင်ပြည်နယ်မှာ ဒီနှစ်အတွင်း လူငယ်ပြုပြင် ထိန်းသိမ်းရေးသင်တန်းကျောင်းကို ပို့လိုက်ပြီးတဲ့ တရားခံ  လေးယောက် ရှိပါတယ်  တစ်ယောက်က မိုးညှင်းခရိုင်က  အမျိုးသမီးပါ ကျန်တဲ့အမျိုးသား သုံးယောက်က ဗန်းမော် ခရိုင်နဲ့ ပူတာအိုခရိုင်ကပါ မြစ်ကြီးနားခရိုင်က မပါသေးဘူး” ဟု ဒုရဲမှူးညီညီလွင် မှုခင်းမှတ်တမ်းဌာန ပြည်နယ်ရဲတပ်ဖွဲ့ရုံးကပြောသည်။
  • အသက်၁၈နှစ်အောက် အမှုရင်ဆိုင် နေရသည့် ကလေးသူငယ်များကို လက်ထိပ်ခတ်ခြင်း အသက်ပြည့်သူ တရားခံများနှင့် ရောနှောထားခြင်း ညှင်းပန်းနှိပ်စက် ခြိမ်းခြောက်ခြင်း မပြုလုပ်ရပဲ ရဲစခန်းဝင်းအတွင်းတွင်ရှိသော အမှုစစ်သည့် အရာရှိ၏ အိမ်တွင်သာနေထိုင် ခိုင်းကြောင်း ရဲမှူး သန်းဦးက ပြောသည်။
  • မြစ်ကြီးနားမြို့၌ စက်တင်ဘာ စတုတ္တအပတ်တွင်လည်း အသက်၁၃နှစ်  ရှစ်တန်းကျောင်းသား ကလေးတစ်ဦး ဖောက်ထွင်းမှု ပြုလုပ်သည့် ပစ္စည်းများဖြင့် ဖမ်းမိခဲ့သော်လည်း ဆိုင်ရှင်မှ အမှုမဖွင့်ခဲ့သော ကြောင့် မိဘနှင့် အုပ်ချုပ်ရေးမှူးထံ ခံဝန်ကတိ လက်မှတ်ထိုး၍ ပြန်လည်အပ်နှံခဲ့သည့် ဖြစ်စဉ်ဖြစ်ပွား ခဲ့သည်။
                                                             မီးမီး

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ