စစ်ဘေးရှောင်စခန်းနေ ကျောင်းသား/သူ ၅၀၀ကျော်အတွက် ကျောင်းသုံးပစ္စည်းများလိုအပ်

စစ်ဘေးရှောင်စခန်းနေ ကျောင်းသား/သူ ၅၀၀ကျော်အတွက် ကျောင်းသုံးပစ္စည်းများလိုအပ်


EPN
ဝိုင်းမော်၊ စက်တင်ဘာ ၂၃
  • ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ စိန့်ဂျိုးဇက် ယာယီတိမ်းရှောင် ခိုလှုံရေးစခန်းရှိ ကျောင်းသား/သူ ၅၀၀ကျော်မှာ စာရေးကိရိယာများ လိုအပ်နေသည် ဟု အဆိုပါစခန်း၏ တာဝန်ခံ ဦးငါးဂွမ်ဆိုင်းက ပြောသည်။
  • “အဓိက ကတော့ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်ကျောင်းဝတ်စုံတွေ လိုအပ်နေပါတယ် ရေရှည် အတွက် ကလေးတွေ ပညာရေးမှာ လိုအပ်ချက် အများကြီး ရှိနေပါတယ်” ဟု၎င်းကပြောသည်။
  • အဆိုပါ ယာယီခိုလှုံရေး စခန်းတွင် မူလတန်း ၁၉၆ဦး၊ အလယ်တန်း ၁၆၉ဦး၊ အထက်တန်း ၇၇ဦး နှင့် တက္ကသိုလ်ဝင်တန်း၅၄ KG ၅၄ဦးရှိ၍ ကျောင်းသားကျောင်းသူ စုစုပေါင်း ၅၅၀ဦး ရှိပြီး စိန့်ဂျိုးဇက် မိုင်းနား ယာယီတိမ်းရှောင် ခိုလှုံရေးစခန်းသည် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ ရွှေကျင်ရပ်ကွက် ရပ်ကွက်(၁)တွင်ရှိ၍ အဆိုပါစခန်းမှ အခက်အခဲဆုံးသော အိမ်ထောင်စုများကို တစ်လ လျှင် ၁၅၀၀၀ကျပ် ထောက်ပံ့ပြီး သာမာန်ခက်ခဲသော အိမ်ထောင်စုကို ၁၁၀၀၀ကျပ် ထောက်ပံ့မှု ပေးနေ ကြောင်း ဦးငါးဂွမ်ဆိုင်းက ပြောသည်။
  •  “ကျွန်မကတော့ ထောက်ပံကြေး တစ်သောင်းခွဲ ရရှိပါတယ် လောက်ဌမှုတော့ မရှိပါဘူး ကျွန်မတို့ အိမ်ထောင်စုမှာ ကျောင်းနေတဲ့ ကလေးသုံးယောက်ရှိတယ် အဓိက လိုအပ်နေတာကတော့ ထီးရယ် မိုးကာရယ် စာအုပ်တွေပါ” ဟု စစ်ရှောင်စခန်းတွင် နေထိုင်သည့်  ဒေါ်ရွယ်ဂျားကပြောသည်။
  • အဆိုပါ စခန်းတွင် လွန်ခဲ့သောနှစ်များတွင် ကျောင်းနေကလေးများကို ကျောင်းသုံးပစ္စည်းများ လာရောက်ကူညီ လှူဒါန်းမှုများ ရှိခဲ့သော်လည်း ပြီးခဲ့သည့် သုံးနှစ်မှ စတင်၍ လာရောက်ကူညီပေးသည့် အဖွဲ့အစည်းများ မရှိတော့ကြောင်း သိရသည်။
  • အဆိုပါစခန်းတွင် ၂၀၁၇ သြဂုတ်လ စာရင်းအရ မြစ်ကြီးနား ဗန်းမော် ကားလမ်းဘေးရှိ ကျေးရွာ ၂၂ရွာမှ အိမ်ထောင်စု ၂၈၃စု နေထိုင်ပြီး အမျိုးသား ၇၁၄ယောက်ရှိကာ အမျိုးသမီး ၇၆၆ယောက် စုစုပေါင်း ၁၄၈၂ယောက်ရှိသည်။
                                                           မီးမီး


Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ