မိုးကောင်းမြို့နယ် အစိမ်းရောင်လူမှုကူညီရေးအသင်းမှ နာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ထောက်ပံ့ငွေ များ ထုတ်ပေးလျက်ရှိ

မိုးကောင်းမြို့နယ် အစိမ်းရောင်လူမှုကူညီရေးအသင်းမှ နာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ထောက်ပံ့ငွေ များ ထုတ်ပေးလျက်ရှိ

EPN
မိုးကောင်း စက်တင်ဘာ ၁၈
  • ကချင်ပြည်နယ် မိုးကောင်းမြို့နယ် အစိမ်းရောင်လူမှုကူညီရေးအသင်းအနေဖြင့် အသင်းဝင်များနှင့် မိသားစုဝင် များ၏ နာရေးကူညီမှု၊ ကျန်းမာရေးစောင့်ရှောက် ထောက်ပံ့မှု ယနေ့ စက်တင်ဘာ ၁၈ ရက် အထိ ပြုလုပ်နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
  • မိုးကောင်းမြို့နယ် အစိမ်းရောင်လူမှုကူညီရေးအသင်းအနေဖြင့် အသင်းဝင်များနှင့် မိသားစုဝင် များ၏ နာရေးကူညီမှု(၂၁)ကြိမ်၊ ကျန်းမာရေးစောင့်ရှောက်ထောက်ပံ့မှု(၁၁)ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အခြား အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မြို့သန့်ရှင်းရေးလုပ်ငန်းများ၊ မြို့နယ်ပြည်သူ့ဆေးရုံနှင့် တိုင်းရင်းဆေးရုံ တို့တွင် လူနာများ၊ လူနာစောင့်များ ဆေးရုံဝန်ထမ်းများအား အခါအားလျော်စွာ အာဟာရကျွေးမွေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးကပြောကြားသည်။
  • အဆိုပါ အသင်းကို အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ ၃၁-၁၀-၂၀၁၆ ရက် နေ့တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပြည်တွင်းအသင်း အဖွဲ့များ မှတ်ပုံတင်လက်မှတ်ရှိထားပြီးဖြစ်ကာ လက်ရှိအချိန်တွင် အသင်းသား ၂၅၄ ဦးတို့က တစ်ဦးလျှင် ငွေကျပ်တစ်ထောင်စီ လစဉ်ထည့်ဝင်လှူဒါန်းထားကြသည်။
  • "အသင်းဝင်ဦးရေနဲ့ အသင်းရန်ပုံငွေတိုးပွားရေး၊ ထောက်ပံ့ငွေတိုးမြှင့်ထုတ်ပေးနိုင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားပါ့မယ်" ဟု အသင်းအတွင်းရေးမှူး ဦးငွေရှိန်းက ဆက်လက်ပြောကြားသည်။
  • အသင်းဝင်များနှင့် မိသားစုဝင်များ နာရေးကိစ္စဖြစ်ပေါ်ပါက ငွေကျပ်သုံးသောင်းနှုန်း၊ ကျန်းမာရေး မကောင်း၍ ဆေးကုသမှုခံရပါက ငွေကျပ်သုံးသောင်းနှုန်းထောက်ပံ့ပေးကြောင်းသိရသည်။
                                             ဦးဝင်းအောင်(မိုးကောင်း)

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ