အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းမှတ် လူထုစက်ဘီးစီးပွဲ ပြုလုပ်
အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းမှတ် လူထုစက်ဘီးစီးပွဲ ပြုလုပ်
EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၆
- ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် လူထု စက်ဘီးစီးပွဲကို ပြည်နယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ ဦးစီးပြီး စက်တင်ဘာ ၁၆ နံနက် ၆ နာရီ ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
- အဆိုပါ စက်ဘီးစီးပွဲကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၊ လောင်စာဆီ လျော့ချရေးနှင့် အိုဇုန်းလွှာထိန်းသိမ်းရေး တို့အတွက် အဓိက ရည်ရွယ်ပြီးလုပ်ဆောင်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြော သည်။
- စက်ဘီးစီးနှင်းရာတွင် လမ်းတစ်လျှောက် အိုဇုန်းလွှာ ထိန်းသိမ်းရေး အသိပညာပေး လက်ကမ်း စာဆောင်များ ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
- အဆိုပါ စက်ဘီးစီးပွဲတွင် မြစ်ကြီးနားမြို့ပေါ်မှ Northern Green Bike စက်ဘီးအဖွဲ့ ၊ X’Rider Bike စက်ဘီးအဖွဲ့နှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီးများဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးဝင်းညွှန့်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင်နှင့် ဗမာတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးခင်မောင်မြင့်(ခ)ဦးဒိတ် တို့လည်း ပါဝင် စီးနှင်းခဲ့ပြီး လူဦးရေ စုစုပေါင်း (၆၀) ခန့် ပါဝင်ခဲ့ကြောင်း သိရသည်။

Comments
Post a Comment