နမ္မတီးမြို့အုပ်ချုပ်ရေးမှူးရုံးသစ် ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်

နမ္မတီးမြို့အုပ်ချုပ်ရေးမှူးရုံးသစ် ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်

EPN
မိုးကောင်း၊ စက်တင်ဘာ ၁၆
  • ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့ အုပ်ချုပ်ရေးမှူးရုံးသစ်ပန္နက်တင်မင်္ဂလာအခမ်းအနား ကို စက်တင်ဘာ ၁၆ရက် နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
  • အဆိုပါအဆောက်အဦးသည် နမ္မတီးမြို့ မြို့လှရပ်ကွက်ရှိ မြေနေရာတွင် ပြည်နယ်ဘတ်ဂျက် ကျပ်သိန်း(၁၈၁၀)ဖြင့် အလျား ၁၄၄ ပေ၊အနံ ၆၆ ပေတစ်ထပ်အဆောက်အဦးဖြစ်ပြီး မြမိုရ်စံဆောက်လုပ် ရေး ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။
  • ပန္နက်တင်မင်္ဂလာအခမ်းအနားကို အဆိုပါ မြေနေရာတွင် ကျင်းပခဲ့ရာ မင်္ဂလာအချိန်၌ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မကြီး၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး ဝင်းမြင့်အောင်၊ နမ္မတီးမြို့ အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးကျော်တို့မှ သတ်မှတ်ထားသောမြေနေရာတွင် ပန္နက်တိုင်များကို စိုက်ထူခဲ့ကြသည်။
  • အဆိုပါ ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်မကြီး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြသွေးစံ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး ၀င်းမြင့်အောင်၊ နမ္မတီးမြို့ အုပ်ချုပ်ရေးမှူး  ဦးဝေဖြိုးကျော်နှင့် ဖိတ်ကြားထားသောဧည့်သည်တော် စုစုပေါင်း(၇၀)ဦးခန့်တက်ရောက်ခဲ့သည်။
                                                           ချိုမောင်





Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ