မိုးကောင်းမြို့တွင် (၂၈)ကြိမ်မြောက် ရှရီဒူ(ရ်)ဂါးစန္ဒီမယ်တော် ပူဇော်ပွဲကျင်းပ

မိုးကောင်းမြို့တွင် (၂၈)ကြိမ်မြောက် ရှရီဒူ(ရ်)ဂါးစန္ဒီမယ်တော် ပူဇော်ပွဲကျင်းပ

EPN
မိုးကောင်း၊ စက်တင်ဘာ ၂၉
  • (၂၈)ကြိမ်မြောက် ရှရီဒူ(ရ်)ဂါးစန္ဒီမယ်တော်ပူဇော်ပွဲကို ကချင်ပြည်နယ် မိုးကောင်းမြို့ နောင်ကိုင် တော်ရပ် ရုံးဟောင်းအုပ်စုရှိ ရှရီဒူ(ရ်)ဂါးစန္ဒီ မယ်တော်ဘုရားကျောင်းတွင် စက်တင်ဘာ၂၁ရက်မှ ၃၀ရက်နေ့ထိ(၁၀)ရက်တိုင်တိုင် ပူဇော်ပွဲကိုကျင်းပလျှက်ရှိသည်။
  • "စန္ဒီမယ်တော်ကို ပူဇော်ပွဲလုပ်ပြီးမှ နဖူးဆန်ကပ်(ဒါစရာ)လုပ်ရပါတယ်။ အောက်ပိုင်းဒေသ တွေမှာတော့ မယ်တော်ကိုပူဇော်တဲ့ မီးနင်းပွဲတွေလုပ်ကြပါတယ်။ ဒီမှာတော့ မိဘတွေလက်ထက်ထဲက အလေ့အထမရှိတော့ မီးနင်းပွဲကခုထိ မလုပ်ဖြစ်တာပါ" ဟု ပွဲဖြစ်မြောက်ရေး တာဝန်ခံဦးစပ်ကြားက ပြောသည်။
  • အဆိုပါ (၂၈)ကြိမ်မြောက်ရှရီဒူ(ရ်)ဂါးစန္ဒီမယ်တော်ပူဇော်ပွဲကို လာရောက်ဖူးမြှော်သူများဖြင့် စည်းကားလျက်ရှိပြီး လာရောက်ဖူးမြှော်သူများနှင့် မိတ်ဆွေများအား ဟိန္ဒူရိုးရာအစားအစာများဖြင့် ဧည့်ခံကျွေးမွေးလျှက် ရှိကြောင်းသိရသည်။
  • ရှရီဒူ(ရ်)ဂါးစန္ဒီမယ်တော်ပူဇော်ပွဲတော်၏ နောက်ဆုံးရက်ဖြစ်သော စက်တင်ဘာ၃၀ရက်နေ့ နံနက်ပိုင်းတွင် နဖူးဆန်ကပ်(ဒါစရာ)ပွဲပြုလုပ်၍ ညနေ(၅)နာရီတွင် မယ်တော်ရုပ်ထုကို မြို့တွင်းလှည့်လည် အပူဇော်ခံကာ နန်းရင်းချောင်းရေဆိပ်မှ ရေချပူဇော်မည်ဖြစ်ကြောင်း သိရသည်။
                                                              ချိုမောင်







Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ