မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး
မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး EPN မိုးညှင်း၊ စက်တင်ဘာ ၈ ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြည်သူ့ဆေးရုံကြီးတွင် အချုပ်သားများအားလုံခြုံစွာ ဆေးကုသ နိုင်ရေးအတွက် အချုပ်သားဆေးကုသဆောင် တည်ဆောက်နိုင်ဖို့ သက်ဆိုင်ရာပြည်နယ်အဆင့်ဆင့်သို့ တင်ပြနိုင်ရန် အဆိုပါ အချုပ်သားဆေးကုသဆောင်၏ တွက်ချက်လျာထားချက်မြေပုံတို့ကို မတင်ပြနိုင်သေး သဖြင့် အချုပ်သားလူနာများနှင့် ရဲတပ်ဖွဲ့ဝန်ထမ်းများအတွက် အခက်အခဲဖြစ်နေသေးကြောင်း မိုးညှင်းမြို့မရဲစခန်းမှသိရသည်။ “ဆေးရုံတက်နေရတဲ့အချုပ်သားတွေထဲမှာ မီးဖွားနေရတဲ့အချုပ်သားတွေလည်းပါနေတယ် အခုလောလောဆယ်တော့ မီးဖွားလူနာတွေဆိုသူတို့ရဲ့ခြေထောက်ကို သံခြေကျင်းနဲ့ခတ်ထားရတော့ သူတို့အတွက် အဆင်မပြေဘူး။ အချုပ်ဆေးကုသဆောင်အမြန်ရမ...



Comments
Post a Comment