ဗန်းမော်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စိန်ပန်းပင် တစ်ပင်လဲကျ၍ မော်တော်ယာဉ်ငယ်တစ်စီး ပျက်စီး

ဗန်းမော်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စိန်ပန်းပင် တစ်ပင်လဲကျ၍ မော်တော်ယာဉ်ငယ်တစ်စီး ပျက်စီး

EPN
ဗန်းမော်၊ စက်တင်ဘာ ၁၂
  • ကချင်ပြည်နယ် ဗန်းမော်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သာစည်ရပ်ကွက် ဗန်းမော်-မိုးမောက် ကားလမ်းဘေးရှိ စိန်ပန်းပင်တစ်ပင်လဲကျ၍ လမ်းမပေါ်တွင် ရပ်ထားသည့် မော်တော်ယာဉ်ငယ် တစ်စီး ပိမိပျက်စီးခဲ့ကြောင်းသိရသည်။
  • စက်တင်ဘာ ၁၁ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်က ဗန်းမော်မြို့ အရှေ့သာစည်ရပ်ကွက်  Denko  စက်သုံးဆီဆိုင်အနီးရှိ ဗန်းမော်-မိုးမောက်သွားကားလမ်းမပေါ်သို့ လုံးပတ်(၂)ပေခွဲခန့်၊ အမြင့်(၂၅) ပေခန့်ရှိ စိန်ပန်းပင်တစ်ပင်သည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမြစ်လှန်၍ လမ်းမပေါ်သို့ လဲကျခဲ့ရာ ၄င်းလမ်းမပေါ်တွင် ရပ်တန့်ထားသော ဒေါ်ထန်လွမ်း ပိုင်ဆိုင်သည့်  ဟွန်ဒါဖစ် အမျိုးအစားမော်တော်ယာဉ် ပေါ်သို့လဲကျပိမိခဲ့သည်။
  • သစ်ပင်လဲကျမှုကြောင့် မော်တော်ယာဉ် အမိုးနှင့် အရှေ့ကားတံခါး ပိန့်ချိုင့်ပျက်စီးသွားခဲ့ပြီး လူနှင့် တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။
  • "ယမန်နှစ်ကလည်း မိုးသည်းထန်စွာရွာလို့ ဒီစိန်ပန်းပင်အနီးရှိ စိန်ပန်းပင်ကြီးတစ်ပင် အမြစ်ကနေ လဲကျခဲ့ဖူးတယ်၊ တစ်စုံတရာ ထိခိုက်မှုမရှိခဲ့ဘူး။ ဒီနေ့နံနက်ခင်းတွင်လည်း  ညောင်ပင်ရပ်ကွက်  တောင် ပိုင်းတွင် ကုက္ကိုကိုင်း ကျိုးကျ၍ အနီးရှိလူနေအိမ် အနည်းငယ်ပျက်စီးမှုရှိခဲ့ကြောင်း  သာစည်ရပ်ကွက် အုပ်ချုပ်ရေးမှူး  ဦးလှသောင်းက ပြောသည်။
  • အဆိုပါ သစ်ပင်လဲကျသည့်နေရာသို့ ဗန်းမော်မြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဝေမြင့်နှင့် တပ်ဖွဲ့ဝင်များ၊ ဗန်းမော်မြို့နယ် မီးသတ်ဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးမျိုးမင်းကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးဝန်ထမ်းများ၊ ပြည်သူများက ဝိုင်းဝန်း ရှင်းလင်းခဲ့ကြောင်း သိရသည်။
  • ဗန်းမော်မြို့တွင် စက်တင်ဘာ ၁၁ ရက်နေ့  နံနက်စောစောက ရွာသွန်းခဲ့သော မိုးရေချိန် မှာ ၄ ဒသမ ၀၂ လက်မဖြစ်ကြောင်း ခရိုင် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနထံ မှ သိရှိရသည်။
                                                   ဗန်းမော်သုခမိန်

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ