မြစ်ရေ နှစ်မြုပ်မှုကြောင့် မိုးစပါးနှင့်အစေ့ထုတ်ပြောင်းဧကတစ်ထောင်ကျော်ပျက်စီး

ဧရာဝတီမြစ်ရေ နစ်မြုတ်မှုကြောင့် မိုးစပါးနှင့်အစေ့ထုတ်ပြောင်းဧကတစ်ထောင်ကျော် ပျက်စီး

EPN
ဗန်းမော်၊ စက်တင်ဘာ ၇
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ဧရာဝတီမြစ်ရေ နစ်မြုတ်မှုကြောင့် မိုးစပါးနှင့်အစေ့ထုတ် ပြောင်းစိုက်ဧရိယာ ဧကတစ်ထောင်ကျော် ပျက်စီးခဲ့ကြောင်းသိရှိရသည်။
ဧရာဝတီမြစ်ရေသည် သြဂုတ် ၁၆ရက်နေ့ နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ဗန်းမော်မြို့တွင် ၁၁၂၈စင်တီမီတာအထိရောက်ရှိခဲ့ပြီး ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မြစ်ကမ်းဘေးနှင့် မြေနိမ့်ပိုင်း ဒေသများတွင် စိုက်ပျိုးခဲ့သော မိုးစပါးနှင့် အစေ့ထုတ်ပြောင်းစိုက် ၁၂၈၄ ဧက ရေနစ်မြုပ်ခံရပြီး ပျက်စီး ဆုံးရှုံးခဲ့သည်။
မိုးစပါးစိုက်တောင်သူ ၁၉၆၂ ဦး၏ စပါးစိုက်ဧရိယာ ၃၉၂၅ဧက ရေနစ်မြုတ်ခြင်းခံရပြီး တောင်သူ  ၅၈၂ဦး၏ မိုးစပါးစိုက်ဧရိယာ ၁၀၉၉ဧက ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ထို့အတူ အစေ့ထုတ်ပြောင်း စိုက်တောင် သူ ၁၇၃ဦး၏ စိုက်ဧရိယာ ၅၂၀ဧက မြစ်ရေနစ်မြုတ်ခြင်းခံရပြီး တောင်သူ ၅၈ဦး၏ အစေ့ထုတ်ပြောင်း စိုက် ဧရိယာ ၁၈၅ဧက ပျက်စီးဆုံးရှုံးခဲ့ကြောင်း မိုးစပါး အစေ့ထုတ်ပြောင်း စုစုပေါင်းစိုက်ဧရိယာ၁၂၈၄ဧက ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဗန်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှသိရှိရသည်။
“ဒီနှစ် စပါးခင်း ရေမြုတ်ခံရတာ ရက် ၂၀လောက်ကြာတယ်။ ၁၀ရက်လောက်ဆိုရင် စပါးပင်တွေ မသေဘူး။ အခုရေကျရင် ပြန်လည်စိုက်ပျိုးဖို့ မျိုးစပါးတွေ ရှာဖွေနေရတယ်” ဟု  တာမိုင်းလုံကျေးရွာ တောင်သူတစ်ဦးကပြောသည်။
တောင်သူများ အချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် ဌာနမှမျိုးစပါး ရရှိရေးကူညီဆောင်ရွက်ပေးလျက် ရှိ ကြောင်း၊ မြို့နယ်လယ်ယာစိုက်ပျိုးရေး ဦးစီးမှူး ဦးကျော်စိုးအောင်ကစက်တင်ဘာ၇ ရက်နေ့တွင်ပြောသည်။
ဦးမောင်ရီ

                                     

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ