မိုးကောင်းမြို့တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေးနှင့် မွေးမြူရေးနည်းပညာ သင်တန်းဆင်းပွဲကျင်းပ

မိုးကောင်းမြို့တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေးနှင့် မွေးမြူရေးနည်းပညာ သင်တန်းဆင်းပွဲကျင်းပ

EPN
မိုးကောင်း စက်တင်ဘာ ၂၉
  • ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေးနှင့် မွေးမြူရေးနည်းပညာသင်တန်း ဆင်းပွဲကို စက်တင်ဘာ ၂၉ ရက် နံနက် ၉ နာရီက မြို့နယ်လူထုဗဟိုပြုစီမံကိန်းရုံး၌ကျင်းပခဲ့သည်။
  • ယင်းအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းက အမှာစကားပြောကြားပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဦးနေသူရိန်စိန်လှက သင်တန်း၌ ပို့ချသင်ကြားပေးမှု အခြေအနေများကို ဗွီဒီယိုမှတ်တမ်းများပြသ၍ ရှင်းလင်းပြောကြားခဲ့သည်။
  • သင်တန်းသားခေါင်းဆောင် ဦးစိုးသူ(ထီချိုင့်ကျေးရွာ)က သင်တန်းဖွင့်လှစ်ပေးခြင်းအတွက် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် သင်တန်းလာရောက်ပို့ချပေးသည့် ဌာနဆိုင်ရာ အသီးသီး မှ နည်းပြဆရာဆရာမများကိုကျေးဇူးတင်ပါကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း သင်တန်းမှ ရရှိသော ပညာရပ်များကို မိမိတို့ကျေးရွာများတွင် ပြန်လည်ဖြန့်ဝေ ပေးကြစေလိုကြောင်း ပြောကြား ခဲ့သည်။
  • ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ၊ သင်တန်း ထူးချွန်ဆုများနှင့် သင်တန်းနည်းပြများအတွက် ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၃၀ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ၁၅ ရက်ကြာမြင့် ခဲ့ကြောင်းသိရသည်။
                                                          ဦးဝင်းအောင်



Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ