မိုးညှင်းမြို့ရှိ စစ်ဘေးတိမ်းရှောင်ဇောတိရှမ်းတိုင်းရင်းသားများအတွက် နေအိမ်ပြုပြင်ပေးရန်လိုအပ်နေ

မိုးညှင်းမြို့ရှိ စစ်ဘေးတိမ်းရှောင်ဇောတိရှမ်းတိုင်းရင်းသားများအတွက် နေအိမ်ပြုပြင်ပေးရန်လိုအပ်နေ

EPN
မိုးညှင်း စက်တင်ဘာ ၂၅
  • မိုးညှင်းမြို့သို့ စစ်ဘေးတိမ်းရှောင်လာကြသော ဇောတိရှမ်းတိုင်းရင်းသားများအတွက် လက်ရှိ နေထိုင်နေသော ၀ါးကြမ်းခင်းနေအိမ်အစား ပျဉ်အစားထိုးနေအိမ် အဖြစ်သို့ပြုပြင် ပြောင်းလဲပေးရန် လိုအပ် နေကြောင်း မိုးညှင်းမြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ မှသိရသည်။
  • အဆိုပါ စစ်ရှောင်ပြည်သူများသည် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မှန်တုံမြို့နယ် နန့်ဟိုင်း ကျေးရွာအုပ်စုမှ စစ်ဘေးတိမ်းရှောင်ပြည်သူများဖြစ်ပြီး မိုးညှင်းမြို့သို့ ယခုနှစ် မတ်လ(၁၇)ရက်နေ့က ရောက်ရှိခဲ့ကြကြောင်းသိရသည်။
  • အဆိုပါ ၀ါးကြမ်းများမှာ ၀ါးပိုးစားလာသည့်အပြင် မိုးရွာလျှင် မလုံခြုံတော့သဖြင့် သက်ဆိုင်ရာသို့ တင်ပြတောင်းခံထားကြောင်း ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌကပြောသည်။
  • "မိုးရွာတဲ့အချိန်တွေမှာ ၀ါးကြမ်းထရံကာဖြစ်လို့ မိုးရေတွေ အိမ်ထဲကိုဝင်နေတယ်။ ကြမ်းခင်းတွေ လည်း ပိုးထိုးနေလို့ သူတို့အတွက်အဆင်မပြေတော့ဘူး။ ဒါတွေကို ပြည်နယ်အစိုးရအဖွဲ့ လူမှုရေး ၀န်ကြီး ဒေါက်တာသင်းလွင် ကိုယ်တိုင်လာကြည့်သွားသေးတယ်။ ပျဉ်အိမ်ပြောင်းလဲပေးဖို့သင့်ပြီလို့တော့ ပြောသွားတာပါဘဲ လက်ရှိအခြေအနေကိုလည်း သက်ဆိုင်ရာတွေကို တင်ပြခဲ့ပါတယ် အခုချိန်အထိတော့ ဘာမှမသိရသေးပါဘူး" ဟု မိုးညှင်းမြို့နယ်ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းသောင်းက ပြောသည်။
  • အဆိုပါ ပြောင်းရွေ့လာကြသော စစ်ရှောင်ပြည်သူများအနက် အိမ်ထောင်စု(၁၇)စုရှိ လူဦးရေ(၇၅) ဦးတို့အတွက် ရေဘုံဘိုင် အိမ်သာများအပါအ၀င် နေအိမ်(၁၇)လုံးကို သွပ်မိုး၊ ၀ါးကြမ်းထရံကာ၊ ၀ါးကြမ်းခင်းတွေနဲ့ တည်ဆောက်ပေးပြီး အုတ်ကျင်းရပ်ကွက်ရှိ ခြံမြေ(၁)ဧကခွဲအား ၀ယ်ယူကာ စုပေါင်း နေထိုင်စေခဲ့ကြောင်းသိရသည်။
  • “ရှမ်းတိုင်းရင်းသားစစ်ရှောင်စခန်းနဲ့ ပတ်သက်ပြီး အထက်အဆင့်ဆင့်က ညွှန်ကြားချက်တွေ မရောက်သေးပါဘူး” ဟု မိုးညှင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးပြေသိမ်းက ပြောသည်။
  • အဆိုပါဖြစ်စဉ်ကို ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့က မိုးညှင်းခရီးစဉ်အဖြစ် စက်တင်ဘာ ၁၂ရက်နေ့ မြို့တော်ခန်းမ၌ လူထုနှင့်တွေ့ဆုံခဲ့စဉ်ကလည်း ဦးစိုင်းသောင်းက တင်ပြထားကြောင်း မိုးညှင်း မြို့နယ် ရှမ်းစာပေယဉ်ကျေးမှုအဖွဲ့မှ သိရသည်။
                                                            သူရ


Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ