ကျောင်းရေကန်အတွင်းမှ အမျိုးသားတစ်ဦး၏အလောင်းတွေ့ရှိ

ကျောင်းရေကန်အတွင်းမှ အမျိုးသားတစ်ဦး၏အလောင်းတွေ့ရှိ

EPN
ဗန်းမော်၊ စက်တင်ဘာ ၁၀
  • ကချင်ပြည်နယ် ဗန်းမော်မြို့ သုံးမိုင်ရွှေပြည်သာရပ်ကွက် အစိုးရနည်းပညာ အထက်တန်းကျောင်း ဝင်းအတွင်းရှိ ရေကန်အတွင်းမှ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း သတင်း ရရှိသည်။
  • ဖြစ်စဉ်မှာ စက်တင်ဘာ ၁၀ ရက် နံနက် ၉  နာရီခန့်က ဗန်းမော်မြို့မရဲစခန်းမှ ဒုရဲအုပ် မျိုးထွန်းအောင်သည် စခန်းတွင် တာဝန်မှူး တာဝန်ထမ်းဆောင်နေစဉ် သုံးမိုင်ရွှေပြည်သာရပ်ကွက် အစိုးရ နည်းပညာ အထက်တန်းကျောင်းဝင်းအတွင်းရှိ ရေကန်တွင် အမျိုးသားတစ်ဦးသေ ဆုံးနေကြောင်း သတင်း ရရှိသဖြင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်မျိုးမင်း၊ရပ်ကွက်အုပ်ချုပ်ရေး မှူးဦးအောင်မျိုးဦး၊ အစိုးရနည်းပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကြည်ဇော်ထွန်းတို့နှင့်အတူ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြရာ သေဆုံးသူအမျိုသားမှာ ဦးဇော်တောင် (၄၅)နှစ် (ဘ) ဦးဇော်ရာတန်၊ ကချင်/ခရစ်ယာန်၊ သုံးမိုင် ရွှေပြည်သာရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်းသိရှိရပြီး ရေကန်အတွင်း ဝမ်းလျားမှောက် အနေအထားဖြင့် ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မရှိဘဲ သေဆုံးနေသည် ကို တွေရှိခဲ့ကြောင်းသိရသည်။
  • သေဆုံးသူ ဦးဇော်တောင်သည် စိတ်ပုံမှန်မရှိဘဲ လမ်းလျှောက်သွားနေပြီး နေအိမ်သို့  ပြန်မလာ သည်မှာ သုံးရက်လေးရက်ခန့်ရှိကြောင်း သေဆုံးသူ၏တူဖြစ်သူကိုမောင်မောင်ကပြောသည်။
  • ဖြစ်စဉ်နှင့်ပတ်သက်၍  မြို့မရဲစခန်းက သေမှုသေခင်း အမှတ် ၁၉/၂၀၁၇၊ ဖွင့်လှစ်၍ ဦးဇော်တန် သေဆုံးခြင်းသည် ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် စုံစမ်းစစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
                                                               ဦးမောင်ရီ

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ