သီတင်းကျွတ်ကာလ ဗျောက်အိုး ရောင်းဝယ် ပစ်ပေါက်ခြင်း မပြုရန် တားမြစ်

သီတင်းကျွတ်ကာလ ဗျောက်အိုး ရောင်းဝယ် ပစ်ပေါက်ခြင်း မပြုရန် တားမြစ်

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၃
  • ဗျောက်အိုးများသည် ပြည်သူများ အထိတ်တလန့် ဖြစ်စေသည့်အပြင် ရပ်ရွာအေးချမ်းသာယာရေး ကို ထိခိုက်စေနိုင်ပြီး မလိုလားအပ်သော အဖျက်အမှောက် လုပ်ရပ်များ ဖြစ်စေနိုင်သည့်အတွက် မြို့နယ် အုပ်ချုပ်ရေးမှူးမှ စက်တင်ဘာလ ၅ရက်က တားမြစ်မိန့် ထုတ်ပြန်ထားပြီး ဖောက်ဖျက်ပါက ဥပဒေအရ ထိရောက်စွာ အရေးယူခြင်း ခံရမည် ဟု  ထုတ်ပြန်ထားသည်။
  • “မီးဘေးအန္တရာယ် စိုးရိမ်ရပြီး ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေလို့ တားမြစ်မိန့် ထုတ်ထား တယ်၊ ဖောက်ဖျက်ပါက ဥပဒေအရ ထိရောက်စွာ အရေးယူသွားမယ်” ဟု ပါရှိသည်။
  • မြစ်ကြီးနားမြို့ပေါ် အချို့ရပ်ကွက်များနှင့် ခေမာသိရီရပ်ကွက်၊ ရှမ်းစုမြှောက်ရပ်ကွက်ရှိ ညဈေးတန်း အနီးတွင် ဗျောက်အိုးဆိုင်များ ရောင်းချမှု့ ရှိနေပြီး ရပ်ကွက်တိုင်းတွင် ရောင်းချခြင်း မပြုလုပ်ရန် သတိပေး ဆိုင်းဘုတ်များ စိုက်ထူထားကြောင်း သိရသည်။
  • “ညဈေးတန်းက ဗျောက်အိုးဆိုင်တွေကို မရောင်းချဖို့ လိုက်ပြောမယ် အဲ့ဒါမှ ထပ်ရောင်းချ နေရင် တော့ ဆိုင်ရှင်တွေကို မရောင်းချဖို့ ဝန်ခံကတိ လက်မှတ်ထိုး ခိုင်းမယ်” ဟု ရှမ်းစုမြောက် ဥက္ကဋ္ဌ ဦးဌေးဝင်း က ပြောသည်။
  • ဗျောက်အိုးများ ရောင်းချခြင်း မပြုလုပ်ရန် ဒေသန္တရ တားမြစ်မိန့် ထုတ်ပြန်ပြီးပါက ဖမ်းဆီး အရေး ယူမှု ပြုလုပ်သွားမည် ဟု ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး မျိုးသူရနောင်က ပြောသည်။
  • “ကန်ပိုက်တီဂိတ်မှာတော့ ဗျောက်အိုးတွေ တင်သွင်းသယ်ယူခွင့်ကို တားဆီးတဲ့ အကြောင်းကြားစာ စက်တင်ဘာလက  ပေးပို့ထားတယ် ရပ်ကွက်တွေ ထဲမှာလည်း အများပြည်သူ အထိတ်တလန့် ဖြစ်စေတဲ့ ဗျောက်အိုး ရောင်းချခွင့် ပစ်ပေါက်ခွင့် တားမြစ်တာကို ကျယ်ကျယ်ပြန့် ပြန့်  အသိပေးပြီးရင်တော့ သက်ဆိုင်ရာ အဖွဲ့အစည်း ပေါင်းစုံနဲ့ စီစစ်အရေးယူသွားမယ်” ဟု ၎င်းကပြောသည်။
  • ဒေသန္တရ တားမြစ်မိန့် ထုတ်ပြန်ထားသော်လည်း  ရပ်ကွက်အတွင်း ဗျောက်အိုးများ ရောင်းချ မှုရှိနေသည်ဟု ဒေသခံများအကြား ပြောကြားမှုရှိနေပြီး ၂၀၁၆ခုနှစ်အတွင်းတွင် ရောင်းချသည့် ဆိုင်များကို အရေးယူမှု ၂မှုခန့် ရှိခဲ့သည်ဟု ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၏ မှတ်တမ်းများအရ သိရသည်။
                                                                 မီးမီး



Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ