မိုးညှင်းမြို့တွင် ကြွက်သတ်ဆေးနှင့် အရက်ရောသောက်ခဲ့သူအားအရေးယူ

မိုးညှင်းမြို့တွင် ကြွက်သတ်ဆေးနှင့် အရက်ရောသောက်ခဲ့သူအားအရေးယူ

EPN
မိုးညှင်း၊ စက်တင်ဘာ ၃၀
  • မိုးညှင်းမြို့တွင် ကြွက်သတ်ဆေးနှင့် အရက်ရောသောက်ခဲ့သူ အမျိုးသားတစ်ဦးအား စက်တင်ဘာ ၂၈ရက် ညနေ၃နာရီခန့်က ဖမ်းဆီးအရေးယူခဲ့ကြောင်းသိရသည်။
  • အဆိုပါ အမျိုးသားမှာ နားခါအုပ်စု ရန်ကင်းရပ်ကွက်နေ အသက်၂၈နှစ်ရှိ အေးမင်းစိုး(ခ)စစ်ကိုင်း ဆိုသူဖြစ်ပြီး အရက်အလွန်အကျွံသောက်သုံးရာမှ စိတ်ကြောင်နေသူဖြစ်ကြောင်းသိရသည်။
  • “စစ်ကိုင်းက အရက်အလွန်အကျွံသောက်ပြီး ရူးကြောင်ကြောင်ဖြစ်နေတာ စိတ်ကြောင်ပြီး အရက်နဲ့ ကြွတ်သတ်ဆေးကိုရော သောက်ခဲ့လို့ အခုလိုဖြစ်သွားတာပါ” ဟု မိခင်ဖြစ်သူ ဒေါ်ကြည်မာက ပြောသည်။
  • ဖြစ်စဉ်မှာ  နေ့လည်၁၂နာရီအချိန်က ပျော်ဘွယ်ရပ်ကွက် ဘုန်းကြီးကျောင်းအနီးမှာ လူတစ်ဦး လဲကျနေကြောင်း သိရှိရသဖြင့်  ဟဲလုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်သောင်းက ရာအိမ်မှူး ဦးမြို့မောင်၊ ဦးဇော်မြင့်တို့အား ခေါ်ယူကာသွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။
  • အဆိုပါ စစ်ဆေးမှုအရ မိုးညှင်းဘူတာဈေးအတွင်း သုံးဘီးမောင်းနေသော စစ်ကိုင်းဆိုသူမှာ မိုးညှင်းဈေးမှ ကြွက်သတ်ဆေးထုတ်အား ၀ယ်ယူခဲ့ပြီး အရက်နှင့် ရောမွေကာသောက်မိခဲ့သဖြင့် အဆိပ်သင့်ကာ မြေပေါ်တွင် လဲကျနေကြောင်းသိရသည်။
  • အဆိပ်သင့်နေသူ စစ်ကိုင်းအား မိုးညှင်းပြည်သူ့ဆေးရုံကြီးသို့ အချိန်မီပေးပို့နိုင်ခဲ့သဖြင့် အသက် အန္တရာယ် မစိုးရိမ်ရတော့ကြောင်း သိရသော်လည်း မိမိကိုယ်ကိုသေကြောင်း ကြံစည်ခဲ့သဖြင့် (ပ)၁၄၆ ရာဇသတ်ကြီးပုဒ်မ -၃၀၉ ဖြင့် ဖမ်းဆီးအရေးယူထားကြောင်း မိုးညှင်းမြို့မရဲစခန်းမှ သိရသည်။
                                                                သူရ

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ