ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ
ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ
EPN
မိုးကောင်း၊ စက်တင်ဘာ ၁၆
- ကချင်ပြည်နယ် မိုးကောင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မဉ္ဇူသကခန်းမတွင် စက်တင်ဘာ၁၆ရက် နံနက်(၉)နာရီက မြို့နယ်အဆင့်အကြို ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပခဲ့ကြောင်းသိရသည်။
- ၂၀၁၇ခုနှစ် အောက်တိုဘာလ(၅)ရက်နေ့တွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်သော ကမ္ဘာ့ဆရာများနေ့ အခမ်းအနားအတွက် မြို့နယ်အဆင့်အကြို ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်း အဆင့်စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပခဲ့သည်။
- "နောင်အနာဂါတ်ရဲ့ ကြယ်ပွင့်လေးတွေကို ငယ်စဉ်ကတည်းက ဆရာရဲ့ကျေးဇူးဆရာတွေရဲ့ မွန်မြတ်တဲ့စေတနာကို အလုပ်ခွင်ဝင်တဲ့အချိန်အထိ စွဲမြဲနေစေလိုတဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပပေးခြင်းဖြစ်ကြောင်း" မြို့နယ်ပညာ ရေးမှူး ဦးသန်းထွန်းကပြောသည်။
- အထက်တန်းနှင့် အလယ်တန်းအဆင့်စာစီစာကုံးတွင် "နိုင်ငံသားကောင်းဖြစ်ထွန်းရေး ဆရာတိုင်း ကလမ်းညွှန်ပေး" ခေါင်းစဉ်နှင့်ကဗျာတွင် "အနာဂါတ်လမ်းညွှန်ဆရာမွန်" ခေါင်းစဉ်တို့ဖြင့် အထက်တန်း ကျောင်းသူ/သား(၂၈)ဦး နှင့် အလယ်တန်းကျောင်းသူ/သား(၂၀)ဦးပါဝင်ယှဉ်ပြိုင်ခဲ့သည်။




Comments
Post a Comment