အခြေခံပညာဦးစီးဌာန၊ နေပြည်တော်မှ အခြေခံပညာကျောင်းများမှ ဆရာ/မများမှ ကျောင်းသူ/ သားများအား ကာအိနြေ္ဒပျက်ပြားစေမည့် အပြုအမူများမပြုလုပ်ရန်နှင့် တုတ်၊ လက်တို့ဖြင့် ရိုက်နှက်ခြင်း မပြုလုပ်ရန် တားမြစ်မိန့် ထုတ်ပြန်
အခြေခံပညာဦးစီးဌာန၊ နေပြည်တော်မှ အခြေခံပညာကျောင်းများမှ ဆရာ/မများမှ ကျောင်းသူ/ သားများအား ကာအိနြေ္ဒပျက်ပြားစေမည့် အပြုအမူများမပြုလုပ်ရန်နှင့် တုတ်၊ လက်တို့ဖြင့် ရိုက်နှက်ခြင်း မပြုလုပ်ရန် တားမြစ်မိန့် ထုတ်ပြန်
EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၉
- အခြေခံပညာဦးစီးဌာန၊ နေပြည်တော်မှ အခြေခံပညာကျောင်းများမှ ဆရာ/မများမှ ကျောင်းသူ/ သားများအား ကာအိနြေ္ဒပျက်ပြားစေမည့် အပြုအမူများမပြုလုပ်ရန်နှင့် တုတ်၊ လက်တို့ဖြင့် ရိုက်နှက်ခြင်း မပြုလုပ်ရန် တားမြစ်မိန့် ထုတ်ပြန်လိုက်ကြောင်းသိရသည်။
- အခြေခံပညာဦးစီးဌာန၊ နေပြည်တော်မှ (၂၄.၉.၂၀၁၇) ရက်စွဲဖြင့် ကျောင်းသူ/သားများအား ဆုံးမရာတွင် ကာအိနြေ္ဒပျက်ပြားစေနိုင်သော အပြုအမူများမပြုလုပ်ရန်၊ မည်သည့် တုတ်ဖြင့်လည်းကောင်း၊ လက်ဖြင့်လည်းကောင်း၊ အခြားတစ်စုံတစ်ရာဖြင့်လည်းကောင်း ရိုက်နှက်ခြင်းမပြုလုပ်ရန်နှင့် ယဉ်ကျေးမှုနှင့် ဆီလျှော်ခြင်းမရှိသည့် ဝတ်စားဆင်ယင်မှုများဖြင့် ကခုန်စေခြင်း၊ သီဆိုဖြေဖျော်စေခြင်း၊ တေးသရုပ်ဖော် တင်ဆက်ခြင်း၊ အလှပြ လမ်းလျှောက်ခြင်းများ မပြုလုပ်ရန်အတွက် တားမြစ်လိုက်ကြောင်း သိရသည်။
- “စက်တင်ဘာလ ၂၄ရက်နေ့က နေပြည်တော်ကတားမြစ်ချက်အကြောင်းကြားစာရောက်လာတယ်။ ဒါလည်း Facebook ပေါ်မှာတက်လာတဲ့ သတင်းကြောင့်လေ။ ကျောင်းသူ၊ ကျောင်းသားတွေကို ကာအိနြေ္ဒပျက်ပြားစေမဲ့ ဘယ်လိုအပြုအမူမျိုးနဲ့မှ မဆုံးမရဘူးလို့ပြောတာပါ။ လိုင်းပေါ်မှာတက်လာတဲ့ ဘောင်းဘီဖင်ချွတ်ပြီးရိုက်တာမျိုးမှ မဟုတ်ဘူး။ အခြားကိုယ်ဒဏ်ရာ၊ စိတ်ဒဏ်ရာရစေမဲ့ ဘယ်လိုဟာမျိုးနဲ့မှ မဆုံးမရဘူးလို့ပြောချင်တာပါ။” ဟု မြစ်ကြီးနားမြို့နယ် ပညာရေးမှူး ဆရာမကြီးဒေါ်ခင်ခင်ညို ကပြောသည်။
- ယခုတလော၌ လူမှုကွန်ယက်စာမျက်နှာပေါ်၌ ပြန့်နှံ့လျှက်ရှိသောဆရာမတစ်ဦးမှ ကျောင်းသူ/သား ကလေးသူငယ်များကို ဘောင်းဘီချွတ်ကာ အပြစ်ပေးဆုံးမနေပုံအား ဆရာ/မများ နောက်နောင် ယခုကဲ့သို့ အဖြစ်မျိုး ဆက်လက် မကျူးလွန်မိစေရန်အတွက် အခြေခံပညာဦးစီးဌာနမှ တားမြစ်ချက်ထုတ်ပြန်ခြင်း ဖြစ်သည် ဟု ဆိုသည်။
- “ဆရာမတွေက သူတို့အိမ်မှာ မိသားစုမှာဖြစ်လာတဲ့ စိတ်ဆိုးမှု၊ စိတ်တိုမှုတွေကို ကလေးတွေ အပေါ်မှာ လာပုံချနေသလားမသိပါဘူး။ ကျမရဲ့မြေးလေးတွေရဲ့ ဆရာမလဲဒီလိုပဲ၊ ကလေးတွေစာပြရင် စာအုပ်ကိုလွင့်ပစ်ပေးတယ်တဲ့။ စာမှားလို့လားမေးတော့ မဟုတ်ဘူးတဲ့။ အားလုံးကိုပစ်ပေးတာလို့ ပြောတယ်။ တခြားကလေးတွေမေးတော့လဲ ဟုတ်တယ်လို့ပြောကြတယ်။ အခုကလေးကစာမပြရဲတော့ဘူး။ ဆရာမဆို အရမ်းကြောက်နေပြီ။ ကလေးတွေစိတ်ဒဏ်ရာရသွားတာပေါ့။ ဒီတားမြစ်မိန့်ထုတ်တာ ကောင်းတယ်။ ဒါမှ ဆရာမတွေကကလေးတွေကို ဆုံးမတဲ့အခါ ဆင်ခြင်လာကြမှာ။” ဟု ကျောင်းသားမိဘ ဖြစ်သူ ဒေါ်လှလှသိန်းက ပြောသည်။
- အဆိုပါ တားမြစ်ချက်ကို အခြေခံပညာဦးစီးဌာန၊ နေပြည်တော်မှ (၂၄)ရက် စက်တင်ဘာလက ထုတ်ပြန်ခဲ့ပြီး ကချင်ပြည်နယ်၊ ပညာရေးမှူးရုံးမှ ထပ်ဆင့်၍စက်တင်ဘာ(၂၅)က မြို့နယ်ပညာရေးမှူးရုံး များသို့ ဖြန့်ဝေခဲ့ကြောင်းသိရသည်။
- မြစ်ကြီးနားမြို့နယ် ပညာရေးမှူးရုံးမှတဆင့် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများသို့ စက်တင်ဘာ(၂၆)ရက်နေ့က ပြန်လည်ဖြန့်ဝေခဲ့သည်ဟုဆိုသည်။
- အဆိုပါ တားမြစ်ချက်ကြောင့် အခြေခံပညာကျောင်းများမှ ဆရာ/မများသည် ယခုတားမြစ်ချက်ကို ရရှိသည့်နေ့မှစ၍ ကျောင်းသား/သူကလေးသူငယ်များကို ကိုယ်ဒဏ်ရာ၊ စိတ်ဒဏ်ရာရစေနိုင်သော မည်သည့်အပြုအမူမျိုးနှင့်မျှ ဆိုဆုံးမခွင့် ရတော့မည်မဟုတ်ဘဲ၊ ကလေးသူငယ်များကိုဆိုဆုံးမရာ၌ နှုတ်ဖြင့်သာ ကောင်းမွန်စွာ ဆိုဆုံးမရမည်ဖြစ်သည်။


Comments
Post a Comment