မိုးညှင်း ဘောဓိကုန်းရပ်ကွက်တွင် အရက်သောက်သုံးပြီး လူသေမှုတစ်ခုဖြစ်ပွား

မိုးညှင်း ဘောဓိကုန်းရပ်ကွက်တွင် အရက်သောက်သုံးပြီး လူသေမှုတစ်ခုဖြစ်ပွား

EPN
မိုးညှင်း၊ စက်တင်ဘာ ၂၁
  • မိုးညှင်းမြို့ ဟဲလုံကျေးရွာအုပ်စု ဘောဓိကုန်းကျေးရွာတွင် အရက်အလွန်အကျွံသောက်သုံးပြီး စက်တင်ဘာ၂၀ ရက် ည၁၁နာရီခန့်က လူသေမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
  • အဆိုပါ သေဆုံးသူမှာ အသက်၄၀နှစ်ရှိ ကိုကိုလွင်ဆိုသူဖြစ်ပြီး အစာမစားဘဲ အရက်သောက်သုံး ကာ အိပ်နေရာမှ သေဆုံးခဲ့သည် ဟု ၎င်း၏ဖခင်မှပြောသည်။
  • “သားဖြစ်သူက အစာမစားဘဲအရက်တွေကို အလွန်အကျွံသောက်သုံးတတ်လို့ သွားကြည့်ခဲ့တာ အိမ်ခြံဝင်းအထဲက ဈေးဆိုင်မှာ မှောက်နေတာတွေ့လို့ဆေးရုံကို အမြန်ပို့ခဲ့တာပါ” ဟု ၎င်း၏ဖခင် ဦးအုန်းလွင်က ဆိုသည်။
  • ဖခင်ဖြစ်သူက သားဖြစ်သူ ကိုကိုလွင်အား စောင့်ကြည့်နေရာ ညအချိန်  မိမိ၏ နေအိမ်ခြံဝင်း အတွင်းရှိ ဈေးဆိုင်ကြမ်းပြင်ပေါ်တွင် မှောက်အိပ်နေသဖြင့် စိုးရိမ်ခဲ့ရာ မိုးညှင်းဆေးရုံသို့ပေးပို့ခဲ့သော်လည်း ဆေးရုံအရောက်တွင် သေဆုံးခဲ့သည် ဟု ဆိုသည်။
  • အဆိုပါ ဖြစ်စဉ်ကို မိုးညှင်းမြို့မရဲစခန်း ဒုစခန်းမှူး ရဲအုပ်ညွှန်လှိုင်နှင့် တာဝန်ရှိသူများက သွား ရောက် စစ်ဆေးခဲ့ရာ ပြင်ပဒဏ်ရာတစ်စုံတရာ မတွေ့ရှိခဲ့သော်လည်း ဓမ္မတာအတိုင်းသေဆုံးသည် ဟုတ်မဟုတ် သိရှိနိုင်ရန်အတွက် သေမှုသေခင်းအမှတ်စဉ် ၂၄ ဖြင့် အမှုဖွင့်ထားပြီး ဆက်လက်စုံစမ်း နေကြောင်း မိုးညှင်းမြို့မရဲစခန်းက သိရသည်။
                                                                သူရ

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ