ခါကာဘိုရာဇီအမျိုးသားဥယျာဉ်တောင်ပိုင်း တိုးချဲ့နယ်မြေအား ကမ္ဘာ့အမွေအနှစ်နယ်မြေများအဖြစ် သတ်မှတ်ရန် ရည်ရွယ်မှုအပေါ် ကချင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၏ ပူးတွဲသဘောထားထုတ်ပြန်

ခါကာဘိုရာဇီအမျိုးသားဥယျာဉ်တောင်ပိုင်း တိုးချဲ့နယ်မြေအား ကမ္ဘာ့အမွေအနှစ်နယ်မြေများအဖြစ် သတ်မှတ်ရန် ရည်ရွယ်မှုအပေါ် ကချင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၏ ပူးတွဲသဘောထားထုတ်ပြန်

EPN
မြစ်ကြီးနား၊ စက်တင်ဘာလ ၂၂
  • ခါကာဘိုရာဇီအမျိုးသားဥယျာဉ်တောင်ပိုင်း တိုးချဲ့နယ်မြေအား ကမ္ဘာ့ အမွေအနှစ်နယ်မြေများ အဖြစ် သတ်မှတ်ရန်ရည်ရွယ်ခြင်းအပေါ် ကချင်ပြည်နယ်အတွင်းရှိ နိုင်ငံရေး ပါတီများ၏ ပူးတွဲသဘောထား ထုတ်ပြန်ချက်ကို ၂၀၁၇ရက်နေ့၊ စက်တင်ဘာလ(၂၂)ရက်နေ့ရက်စွဲဖြင့် သက်ဆိုင်ရာ ပါတီတာဝန်ရှိ သူများ လက်မှတ်ရေးထိုး ထုတ်ပြန်ကြေငြာခဲ့ကြောင်း သိရသည်။
  • ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ(၂၂)ရက်နေ့၊ (၀၉း၃၀)နာရီအချိန်မှ (၁၂း၃၀)နာရီအချိန်အထိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ ပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကချင်ပြည်နယ်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီ ကချင်ပြည်နယ်ဥက္ကဋ္ဌ ဦးမောင်မောင်၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူလေးပါတီ) ကချင်ပြည်နယ်ဥက္ကဋ္ဌ ဦးလာမေတားနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ဗဟိုအကြံပေး ဦးစိုးထွေးမောင်တို့ပါဝင်သော ပါတီအသီးသီးကိုယ်စားပြု အဖွဲ့ဝင်များ တွေ့ဆုံ၍ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်တောင်ပိုင်း တိုးချဲ့နယ်မြေအား ကမ္ဘာ့အမွေအနှစ်နယ်မြေများ အဖြစ် သတ်မှတ်ရန် ရည်ရွယ်ခြင်းအပေါ် ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
  • ပူတာအိုခရိုင်အတွင်းရှိ ပူတာအို၊ မချမ်းဘော့နှင့် နောင်မွန်မြို့နယ်တို့တွင် ဧရိယာ ၁၃၉၈.၅ စတုရန်းမိုင် (၈၉၅၀၄၀)ဧကအား ထပ်မံတိုးချဲ့၍ ကမ္ဘာ့အမွေအနှစ် နယ်မြေအဖြစ်သတ်မှတ်ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ၂၀၁၇ခုနှစ် ဇူလိုင်လ (၂၈)ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၀၃/ ၂၀၁၇)အရ ထုတ်ပြန်ထားပြီး အဆိုပါ ဧရိယာတွင် ထီခကြိုးပြင် ကာကွယ်တော (၂၀၄၀၀၀၀)ဧက၊ နမ်ပလပ်ကြိုးပြင်ကာကွယ်တော (၁၀၀၂၀၀)ဧကနှင့် သစ်တောနယ်မြေ အဖြစ် သတ်မှတ်ခြင်းမရှိသည့် သစ်တောဖုံးလွှမ်းလျက်ရှိသော ဧရိယာ (၅၉၀၈၄၀)ဧကရှိရာ စုစုပေါင်း ဧရိယာ (၈၉၅၀၄၀)ဧက ပါဝင်ကြောင်း ထုန်ပြန်ချက်တွင် ဖော်ပြထားသည်။
  • ၁၉၉၈ခုနှစ်တွင် နိုင်ငံတော်အစိုးရက ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်ကို သတ်မှတ်ပြဌာန်း အကောင်အထည်ဖော်စဉ်ကာလတုန်းက ဌာနေတိုင်းရင်းသားများကို ကူညီပံ့ပိုးပြီး လူမှုဘ၀နှင့် စားဝတ် နေရေးတို့ကို မြှင့်တင်ပေးမည်ဟု ကတိက၀တ်များ ပေးခဲ့သော်လည်း လက်တွေ့တွင်မူ ကတိက၀တ် အတိုင်း ကူညီဆောင်ရွက်ပေးခဲ့ခြင်းမရှိပါ။ ထို့ပြင် တင်းကြပ်လွန်းစွာ ချမှတ်ထားသည့် စည်းမျဉ်း စည်းကမ်း များကြောင့်လည်း စိတ်ဆင်းရခဲ့ကြရပြီး အိမ်ခြေ(၇၀)ကျော်ခန့်မှာလည်း ဆင်းရဲပင်ပမ်းစွာဖြင့် နေရပ်စွန့်ခွာ၍ အခြားဒေသများသို့ ပြောင်းရွှေ့ခဲ့ကြရကြောင်းကို လေ့လာ သိရှိရသည် ဟု ဖော်ပြထားသည်။
  • ထုတ်ပြန်တားမြစ်ချက်များသည် ရေမြေတောတောင် သဘာဝအရင်းအမြစ်များ ပျက်စီးဆုံးရှုံးမှု မရှိအောင် ကာကွယ်စောင့်ရှောက်လာခဲ့ကြသော ဌာနေတိုင်းရင်းသားများ၏ လူမှုစီးပွားရေးဘ၀ကို ဆုံးရှုံး နစ်နာစေပြီး၊ ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့ကြသည့် တိုင်းရင်းသားများ၏ ဘ၀ရှင်သန် ရပ်တည်ရေး အပေါ် ထိခိုက်လာမည်ကို စိုးရိမ်ပူပန်လျက်ရှိကြသည် ဟု ပါရှိသည်။
  • ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်အား တောင်ပိုင်းသို့ ဧရိယာ ၁၃၉၈.၅ စတုရန်းမိုင် (၈၉၅၀၄၀)ဧက တိုးချဲ့၍ ကမ္ဘာ့သဘာဝအမွေအနှစ် နယ်မြေအဖြစ်သတ်မှတ်ရန် ကြိုးပမ်းဆောင်ရွက်ခြင်းကို ဒေသခံ ပြည်သူလူထု (၁၀၀၁၀)ဦးက လက်မှတ်ရေးထိုး၍ သက်ဆိုင်ရာသို့ လုံးဝ(လုံးဝ) ကန့်ကွက်ကြောင်း တင်ပြ ထားသည်ကို စိစစ်တွေ့ရှိရသည် ဟု ဖော်ပြထားသည်။
  • ယခင်သတ်မှတ်ထိန်းသိမ်းလာသော ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ် အတွင်းရှိ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် စုစုပေါင်း ဧရိယာ ၁၄၇၂ စတုရန်းမိုင် (၉၄၂၀၈၀)ဧကကို ထူးခြားသည့် ဂေဟစနစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန်နှင့် ခါကာဘိုရာဇီဒေသအား ကမ္ဘာ့အမွေအနှစ် နေရာအဖြစ် သတ်မှတ်ရန် ရည်ရွယ်ခြင်းကို ကန့်ကွက်ရန် မရှိပါ။ သို့သော် ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်တောင်ပိုင်း တိုးချဲ့ဧရိယာ ၁၃၉၈.၅ စတုရန်းမိုင် (၈၉၅၀၄၀)ဧကကို ဒေသခံပြည်သူများ၏ သဘောထားစစ်တမ်းအရ ကန့်ကွက်မှုများ ရှိနေပါသဖြင့် ပြည်သူလူထုကို ကိုယ်စားပြုသော နိုင်ငံရေး ပါတီများကလည်း ပြည်သူလူထုနှင့်အတူ ကန့်ကွက်ကြရန် လိုအပ်သည် ဟု ပါရှိသည်။
  • သို့ဖြစ်ပါ၍ မိမိတို့ ကချင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများသည် ပြည်သူလူထု၏ ဆန္ဒ သဘော ထားနှင့် ဒေသခံပြည်သူလူထု၏ ရေရှည်အကျိုးစီးပွားကို ရှေးရှ၍ ကိုယ်စားပြုရပ်တည်ချက်အရ ခါကာဘို ရာဇီ အမျိုးသားဥယျာဉ် တောင်ပိုင်း တိုးချဲ့ဧရိယာ အကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်များနှင့် ခါကာ ဘိုရာဇီ အမျိုးသားဥယျာဉ် တိုးချဲ့နယ်မြေကို ကမ္ဘာ့အမွေအနှစ်နယ်မြေအဖြစ် သတ်မှတ်ရန် ရည်ရွယ်ချက် အား လုံးဝ(လုံးဝ) ကန့်ကွက်ပါကြောင်း သဘောထား ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
                                                             မင်းမင်း






Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ