ပန်ဝါမြို့တွင် မိဘဆရာအသင်း၊ သင်းလုံးကျွတ်အစည်းအဝေးနှင့် ပညာရည်ချွန် ဆုပေးပွဲကျင်းပ

ပန်ဝါမြို့တွင် မိဘဆရာအသင်း၊ သင်းလုံးကျွတ်အစည်းအဝေးနှင့် ပညာရည်ချွန် ဆုပေးပွဲကျင်းပ

EPN
ပန်ဝါမြို့၊ စက်တင်ဘာ ၉
  • ကချင်ပြည်နယ် ပန်ဝါမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေး ခန်းမတွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၊ မိဘဆရာအသင်း၊ သင်းလုံးကျွတ်အစည်းအဝေးနှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို စက်တင်ဘာလ ၈ရက်နေ့ နံနက် ၁၁နာရီဝန်းကျင်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
  • အခမ်းအနားတွင် ဗိုလ်မှူးကြီး ကျော်ကျော်ဦး၊ ဦးလဂွေဘောမ်လန်းနှင့် မြို့အုပ်ချုပ်ရေးမှူး ဦးရဲဝင်းထွဋ်တို့မှ အဖွဲ့အမှာစကားပြောကြားကာ ပန်ဝါမြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးမှ ကျောင်းအခြေအနေ နှင့် ပတ်သက်၍ တင်ပြခဲ့ပြီး ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပံ့ပိုးပေးခဲ့ကြသော အဖွဲ့အစည်း၊ ဌာနဆိုင်ရာနှင့် ရပ်မိရပ်ဖများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ခဲ့ကြောင်း၊ ဆရာ/မများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ဆုရကျောင်းသား/သူများအား တက်ရောက်လာသည့် အဖွဲ့အစည်းနှင့် ဌာနဆိုင်ရာ များမှ ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
  • မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ်(၃)စစ်ဗျူဟာ၊ ခေတ္တစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ကျော်ကြီး၊ ပန်ဝါမြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကချင်အထူးဒေသ(၁)ဒုဥက္ကဋ္ဌ ဦးဝေါ်လော်၊ ပန်ဝါဒေသ ပြည်သူ့စစ်ခေါင်းဆောင် ဦးလဂွေလောမ်လန်း၊ အမှတ်(၁၀၀၂)နယ်ခြားစောင့်တပ်မှူး လန်းဂျော ဆောင်တိန့်၊ အထက(ပန်ဝါ)ကျောင်းအုပ်ကြီး ဦးညွှန့်ဝေနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ၊ ဖိတ်ကြားထားသူများ စုစုပေါင်း (၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
                                                          နောင်ခမ်းသား



Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ