ရှီးကျန်းမူလွန်ကျောင်း ဆရာ/မများ နေအိမ်မီးလင်းရေးအတွက် ဆန်းလင်းကုမ္ပဏီမှ လှူဒါန်းပေး
ရှီးကျန်းမူလွန်ကျောင်း ဆရာ/မများ နေအိမ်မီးလင်းရေးအတွက် လျှပ်စစ်ဝါယာကြိုး၊ ရေမော်တာ၊ ၁၅၀၀W တာဘိုင်တစ်ခု၊ မီးသီးများစသည်တို့ကိုဆန်းလင်းကုမ္ပဏီမှ လှူဒါန်းပေး
EPN
EPN
- ချီဖွေ စက်တင်ဘာ ၈
- ကချင်ပြည်နယ် ချီဖွေမြို့နယ် ရှီးကျန်းမူလွန်ကျောင်း ဆရာ/မများအတွက် နေအိမ်မီးလင်းရေး အတွက် လျှပ်စစ်ဝါယာကြိုး၊ ရေမော်တာ၊ ၁၅၀၀W တာဘိုင်တစ်ခု၊ မီးသီးများကိုဆန်းလင်းကုမ္ပဏီမှ စက်တင်ဘာ(၇)ရက်နေ့လည်(၁)နာရီတွင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
- ဆန်းလင်းကုမ္ပဏီ တာဝန်ခံ ဦးဇယ်ဒေါင်က "ကျွန်တော်တို့ ဆန်းလင်းကုမ္ပဏီအနေနဲ့ ဒေသခံပြည် သူတွေရဲ့ ပညာရေး၊ ကျန်းမာရေးကအစ လိုအပ်တဲ့နေရာတွေကိုတတ်နိုင်သလောက် အမြဲတန်း ကူညီ လှူဒါန်းပေးနေပါတယ်" ဟု ပြောသည်။
- ချီဖွေမြို့နယ် ရှီးကျန်းမူလွန်ကျောင်း ဆရာ/မများနေအိမ်မီးလင်းရေးအတွက် လိုအပ်နေသော လျှပ်စစ်ဝါယာကြိုး၊ ရေမော်တာ၊ ၁၅၀၀Wတာဘိုင်တစ်ခု၊ မီးသီးများကို ဆန်းလင်းကုမ္ပဏီမှ ဦးဇယ်ဒေါင်း မှလှူဒါန်းပေးရာ ရှီးကျန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရှီးကျန်းဘောမ်ယိန်းနှင့်အဖွဲ့က လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
- အဆိုပါဆန်းလင်းကုမ္ပဏီသည် ကချင်အထူးဒေသ(၁)ရှိဒေသခံပြည်သူများအတွက် ပညာရေး ကျန်းမာရေးကအစ အခြားလိုအပ်သော အကူအညီများအစဉ်အမြဲ ကူညီလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။



Comments
Post a Comment