ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသောအကြမ်းဖက်များနှင့်စပ်လျဉ်း၍ မြောက်ပိုင်းရှမ်းမျိုးနွယ်စုရေးရာမှ ကြေညာချက်ထုတ်ပြန်

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသောအကြမ်းဖက်များနှင့်စပ်လျဉ်း၍ မြောက်ပိုင်းရှမ်းမျိုးနွယ်စုရေးရာမှ
 ကြေညာချက်ထုတ်ပြန်

EPN
မြစ်ကြီးနားမြို့၊ စက်တင်ဘာ ၁၀
  • ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသောအကြမ်းဖက်မှုဖြစ်စဉ်များနှင့်စပ်လျဉ်း၍ မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ ကြေညာချက်တစ်စောင် ထုတ်ပြန်ကြေညာခဲ့သည်။
  • စက်တင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သောအဆိုပါကြေညာချက်တွင် ရခိုင်ပြည်နယ်အတွင်းရှိ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များတွင် ဖြစ်ပွားခဲ့သောဘင်္ဂလီအကြမ်းဖက်အဖွဲ့များ၏ နယ်မြေလုခြင်း၊ ဒေသခံတိုင်းရင်းသားများအား အကြမ်းဖက်အနိုင်ကျင့်သတ်ဖြတ်ခြင်း၊ လုံခြုံရေးဆောင်ရွက် နေကြသော နယ်မြေခံရဲစခန်းများအား တိုက်ခိုက်ခြင်းအစရှိသည့် လုပ်ရပ်များသည် နိုင်ငံတော်၏ အချုပ် အခြာအာဏာကို ထိပါးလာခြင်းဖြစ်သည့်အတွက် မြန်မာပြည်မြောက်ပိုင်းရှမ်းမျိုးနွယ်စုရေးရာအဖွဲ့အနေနှင့် ယင်းလုပ်ရပ်များအပေါ် လုံးဝ ဆန့်ကျင်ရှုတ်ချကြောင်းရေးသားထားသည်။
  •  အပိုဒ် သုံးပိုဒ်ပါ ယင်းကြေညာချက်တွင် အကြမ်းဖက်မှုများကျူးလွန်လာသည့် အဖွဲ့အစည်းများ အား ခြေမှုန်သုတ်သင်ရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းနှင့် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက် ၍ မမှန်သတင်းများရေးသားဖော်ပြကာ လှုံ့ဆော်မှုများပြုလုပ်နေသော သတင်းမီဒီယာဌာနများကို လည်း ပြစ်တင်ရှုတ်ချပါကြောင်း ထည့်သွင်းဖော်ပြထားသည်။
  • ထို့ပြင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အနောက်ဘက်တံခါးကျိုးပေါက်မည့် အရေးကိစ္စဖြစ်သဖြင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးတွင် တာဝန်ရှိကြောင်း၊ထို့ကြောင့် ပြည်သူလူထုဘ၀ အေးချမ်းတည်ငြိမ်ရေးအတွက် ဘင်္ဂလီအကြမ်းဖက်အဖွဲ့ အစည်းများ၏ ရန်ကိုတိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး စည်းလုံးညီညွတ်စွာပူးပေါင်း ပါဝင်ကြရန် တိုက်တွန်းကြောင်းတို့ကို ရေးသားဖော်ထားသည်။
                                                    မင်းမင်း

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ