မော်တော်ဆိုင်ကယ်မောင်းနှင်သူများအား ပထမဆုံးအကြိမ် ယာဉ်မောင်းလိုင်စင် စစ်ဆေးမည်

မော်တော်ဆိုင်ကယ်မောင်းနှင်သူများအား ပထမဆုံးအကြိမ် ယာဉ်မောင်းလိုင်စင် စစ်ဆေးမည်

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၆
  • မြစ်ကြီးနားမြို့ရှိ မော်တော်ဆိုင်ကယ်မောင်းနှင်သူများအား ပထမဆုံးအကြိမ်အဖြစ် ယာဉ်မောင်း လိုင်စင် စစ်ဆေးသွားမည်ဖြစ်ကြောင်း အမှတ်၉၈ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
  • “စက်တင်ဘာလရဲ့ တတိယအပတ်လောက်မှာ ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြပြီး လူကြီးတွေရဲ့ ညွှန်ကြားချက်ရမှ ဆိုင်ကယ်ယာဉ်မောင်းလိုင်စင်ဘယ်တော့လောက် စ စစ်ဆေးရမယ် ဆိုတာကို  ပြောလို့ ရမယ်” ဟု အမှတ်၉၈ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးစိုးမင်းကပြောသည်။
  • စက်တင်ဘာ ၁၄ရက်က  မော်တော်ဆိုင်ကယ် မောင်းနှင်စီးနှင်းသူတိုင်း ယာဉ်မောင်းလိုင်စင် ပါရှိ စေရေးနှင့် အမောင်းလိုင်စင်မပါဘဲ မောင်းနှင်စီးနှင်းနေမှုအား စစ်ဆေးအရေးယူရန် နေပြည်တော် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးဝင်းမြင့်က ညွှန်ကြားထားကြောင်း အမှတ်၉၈ မြစ်ကြီးနား  ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
  • “ကျွန်တော်တို့ဌာနရဲ့ စာရင်းတွေအရ မှတ်ပုံတင်ထားတဲ့ ဆိုင်ကယ်နှစ်စီးမှာ လူတစ်ယောက်နှုန်းပဲ ယာဉ်မောင်းလိုင်စင် ရှိကြတယ်” ဟု ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးကပြောသည်။
  • ၂၀၁၇ သြဂုတ်လ၏ စာရင်းများအရ မြစ်ကြီးနားမြို့အနေဖြင့် ဆိုင်ကယ်မှတ်ပုံတင်ထားသည့်စာရင်း ၅၉၅၀၇ စီးရှိ၍ ဆိုင်ကယ်စီးနှင်းခွင့်(က)လိုင်စင် လုပ်သည့်ဦးရေ ၂၉၁၂၇ဦးသာရှိပြီး ၁၀၀ရာခိုင်နှုန်းတွင် ၄၈ရာခိုင်နှုန်းသာ ယာဉ်မောင်းလိုင်စင်ရှိကြကြောင်း အဆိုပါဌာန၏ မှတ်တမ်းများအရ သိရသည်။
  • “ယာဉ်မောင်းလိုင်စင် သွားလုပ်တဲ့အခါ ယာဉ်စည်းကမ်း လမ်းစည်းကမ်းသင်ပေးတယ် အဲ့ဒီ စည်းကမ်းတွေ နားလည်သွားရင် မဖြစ်သင့်တာ သိပ်မဖြစ်တော့ဘူးပေါ့ နောက်ပြီး အသက်မပြည့်သေးတဲ့ ကလေးတွေ ဆိုင်ကယ်မောင်းနေတာကို အလိုလို တားမြစ်ပြီးသားဖြစ်သွားမယ် ပြီးတော့ ယဉ်မောင်း လိုင်စင် ဆောင်ထားတော့ ယာဉ်မောင်း မတော်တဆဖြစ်ခဲ့ရင် ဘေးကလူတွေ ကူညီလို့ရတာပေါ့” ဟု တရား လွှတ်တော်ရှေ့နေ ဦးတင်ထွန်းသိန်းကပြောသည်။
  • ယာဉ်မောင်းလိုင်စင်သည် က-၁၊ က၊ ခ၊ ဃ၊ င၊ ဌ ဟူ၍ ၆မျိုးရှိပြီး မြစ်ကြီးနားမြို့တွင် ၂၀၁၇ သြဂုတ်လစာရင်းအရ အဆိုပါ၆မျိုးတွင် လိုင်စင်လာရောက် ပြုလုပ်သူ ဦးရေ ၇၂၁၆၈ဦးသာရှိကြောင်း သိရသည်။
                                                              မီးမီး


Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ