ရခိုင်ဒေသရှိ အကူအညီလိုအပ်နေသော တိုင်းရင်းသားများအတွက် ထောက်ပံ့ငွေပေးအပ်
ရခိုင်ဒေသရှိ အကူအညီလိုအပ်နေသော တိုင်းရင်းသားများအတွက် ထောက်ပံ့ငွေပေးအပ်
EPN
မိုးကောင်း၊ စက်တင်ဘာ ၂၆
- ရခိုင်ဒေသရှိ အကူအညီလိုအပ်နေသော တိုင်းရင်းသားများအား ထောက်ပံ့ရန်အလှူ ငွေကောက်ခံ ရေး ကော်မတီမှ အလှူခံရရှိငွေပေးအပ်ခြင်း ပြုလုပ်ခဲ့သည်။
- အလှူငွေကောက်ခံရေး ကော်မတီနှင့် ရန်ကုန်မြို့နေ ဦးမောင်ကြီးနှင့်ဇနီး ဒေါ်တင်တင်အုန်း "မြင့်ထွန်းဦး" ကျောက်စိမ်း/မျက်ကုမ္ပဏီမှ ရခိုင်ဒေသရှိ အကူအညီလိုအပ်နေသော တိုင်းရင်းသားများအား ထောက်ပံ့ရန်ငွေ(၆၅)သိန်းနှင့် တစ်မြို့နယ်လုံး အလှူခံရရှိငွေကျပ်သိန်း(၆၀)ကျော် စုစုပေါင်း (၁၂၅၃၈၁၅၀) ကျပ်သိန်းပေးအပ်ပွဲကို စက်တင်ဘာ၂၆ရက် မွန်းလွှဲတစ်နာရီတွင် မဟာသမယကျောင်း တိုက်တွင် ပေးအပ်လှူဒါန်းခဲ့သည်။
- "ဒီမြို့သူမြို့သားဖြစ်တဲ့အတွက် လိုအပ်တဲ့ကွက်လပ်ကို ဖြည့်ပေးတာပါ။ ခုလဲရခိုင်ဒေသက အကူအညီလိုအပ်နေတဲ့ တိုင်းရင်းသားတွေကို ထောက်ပံ့ဖို့ အလှူခံကြတယ် ကြားလို့ကိုယ့်မြို့က လှူဒါန်းမှုမှာ ထောက်ထောက်မမဖြစ်အောင် လှူဦးမယ်လို့ ဆုံးဖြတ်ပြီးလှူဖြစ်တာပါ" ဟု အလှူရှင် ဦးမောင်ကြီးမှ ပြောသည်။
- ရှေးဦးစွာ မဟာသမယကျောင်းတိုက် ဆရာတော်မှသြဝါဒစကား မိန့်ကြားပြီး ဦးမောင်ကြီးနှင့် ဇနီး ဒေါ်တင်တင်အုန်း "မြင့်ထွန်းဦး" ကျောက်စိမ်း/မျက်ကုမ္ပဏီမှလှူ ဒါန်းငွေ(၆၅)သိန်းကို ဒေါ်တင်တင်အုန်း အစ်မဖြစ်သူ ဒေါ်သန်းသန်းမြင့်(ခ) ဒေါ်သာဓုမှ ပေးအပ်ရာကော်မတီ အတွင်းရေးမှူး ဦးတင်လင်းနှင့် ဘဏ္ဍာရေးမှူး ဦးမင်းကိုလေးတို့မှ လက်ခံခဲ့သည်။
- ဆက်လက်၍ မိုးကောင်းမြို့ပေါ်မှ အလှူခံရရှိငွေကို ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးမှ ပေးအပ်ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မကြီးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းတို့မှ လက်ခံခဲ့သည်။
- "အလှူရှင် လှူဒါန်းငွေနဲ့ အလှူခံရရှိငွေ စုစုပေါင်း ၁၂၅သိန်းကျော်ကို နာယကများထံအပ်နှံပြီး အဲဒီကမှ တစ်ဆင့် ရခိုင်ပြည်နယ်အစိုးရနဲ့ ချိတ်ဆက်ပြီး ထောက်ပံ့ဖို့ အမှန်တစ်ကယ် လိုအပ်နေတဲ့ တိုင်းရင်းသားတွေကို ထောက်ပံ့သွားမှာပါ " ဟု အလှူငွေကောက်ခံရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်စိုးမှ ဆက်လက်ရှင်းပြခဲ့သည်။
- လှူဒါန်းပေးအပ်ခြင်းကို အလှူငွေကောက်ခံရေး နာယကဆရာတော်များဖြစ်သော မဟာသမယ ကျောင်းတိုက် ဆရာတော် ဦးထေရာသဘအမှူးရှိသော ဆရာတော်များ၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်မကြီး၊ မိုးမောက်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦး ဝင်းအောင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး ဝင်းမြင့်အောင်၊ မြို့နယ်သာသနာရေး ဦးစီးမှူး ဦးစံထွန်းမော် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်လင်း၊ အလှူငွေကောက်ခံရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်စိုး၊ အလှူရှင်မိသားစုများ၊ ပါဝင်ကူညီကြသူများ စုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ခဲ့ကြ သည်။






Comments
Post a Comment