မိုးညှင်းမြို့ ပင့်သာကျေးရွာ လယ်တဲအနီးတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး
မိုးညှင်းမြို့ ပင့်သာကျေးရွာ လယ်တဲအနီးတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး
EPN
မိုးညှင်း၊ စက်တင်ဘာ ၂၉
- မိုးညှင်းမြို့နယ် ပင်းဟဲကျေးရွာအုပ်စု ပင့်သာကျေးရွာတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး နေကြောင်း သိရသည်။
- အဆိုပါ သေဆုံးသူမှာ ပင့်သာကျေးရွာနေ သက်၂၄နှစ် ရှိ အောင်သက်ဝင်း ဆိုသူဖြစ်ပြီး စက်တင်ဘာ၂၈ ရက် မနက်၆နာရီခွဲခန့်က ကြိုးဆွဲချသေဆုံးနေကြောင်း မိုးညှင်းမြို့မရဲစခန်းကသိရသည်။
- အဆိုပါ သေဆုံးသူမှာ မူးယစ်ဆေးသုံးစွဲမှုမရှိဘဲ ငွေကြေးတစ်စုံတစ်ရာကြောင့် ယခုကဲ့သို့ ဖြစ်ပေါ် နေကြောင်း ၎င်း၏မိခင်ကသုံးသပ်ပြောဆိုသည်။
- “သားက မူးယစ်ဆေးလဲမသုံးဘူး ကွမ်းယာဘဲစားတယ် အခြားပြဿနာတွေလည်းမရှိဘူး တစ်ခုဘဲ ရှိတယ် ငွေကြေးမပြေလည်လို့ စိတ်ဓာတ်ကျပြီး ဒီလိုလုပ်လိုက်တာလို့ထင်တယ်” ဟု သေဆုံးသူ၏ မိခင်ဒေါ်ညွှန့်မေကပြောသည်။
- ဖြစ်စဉ်မှာ မိုးညှင်းမြို့မရဲစခန်း၌် ရဲအုပ်ကျော်မင်းစိုးသည် တာဝန်ထမ်းဆောင်နေစဉ် ပင်းဟဲ ကျေးရွာအုပ်စု ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးက ပင်းသာကျေးရွာအနောက်ဘက် (၁)မိုင်အကွာရှိ ဦးသန်းတင့်၏ လယ်တဲအနီးတွင် လူတစ်ဦးကြိုးဆွဲချသေဆုံးနေကြောင်း ဖုန်းဆက်အကြောင်းကြားခဲ့သဖြင့် သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
- သေဆုံးသူ အောင်သက်ဝင်းဆိုသူမှာ အဆိုပါ လယ်တဲအနီး အမြင့်(၈)ပေ ခန့်ရှိ ခအောင်းပင်၌ အရှည်(၈)ပေခန့်ရှိ နိုင်လွန်ကြိုးအား လည်ပင်းတွင် ကြိုးကွင်းစွပ် ချည်နှောင်လျက် သေဆုံးနေကြောင်း သိရသည်။
- လည်ပင်းရှိ နိုင်လွန်ကြိုးကြောင့် (၆)လက်မခန့် ညိုမဲကြိုးဒဏ်ရာ(၁)ချက်၊ လျာကို ကိုက်လျက် အနေအထားနှင့် ခြေဖျားလက်ဖျားများမှာ ညိုမဲနေပြီး ကျားအင်္ဂါမှ သုတ်ရည်များထွက်လျက် သေဆုံး နေကြောင်း သိရသည်။
- အဆိုပါ ဖြစ်စဉ်ကို ဓမ္မတာအတိုင်းသေဆုံးမှုဟုတ်မဟုတ်သိရှိနိုင်ရန်အတွက် သေမှုသေခင်းအမှတ် -၂၇ ဖြင့် အမှုဖွင့်ထားပြီး ဆက်လက်စုံစမ်းနေကြောင်း မိုးညှင်းမြို့မရဲစခန်းက သိရသည်။



Comments
Post a Comment