ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်မှ ဘောလုံးကွင်းတူးဖေါ်မှုအတွက် ထောက်ပံ့ လှူဒါန်း
ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်မှ ဘောလုံးကွင်းတူးဖေါ်မှုအတွက် ထောက်ပံ့ လှူဒါန်း
EPN
ဖီမော် စက်တင်ဘာ ၁၉
- ကချင်ပြည်နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်မှ ချီဖွေမြို့နယ် ငွါးဖခါး ကျေးရွာ ဘောလုံးကွင်းတူးဖေါ်မှုအတွက် စက်တင်ဘာလ(၁၉)ရက် နေ့လည်(၂)နာရီတွင် ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
- "အခုလို့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ဒေသခံလူငယ် တွေအတွက် ဘောလုံးကွင်းတူးဖော်ဖို့ ပါဝင်လှူဒါန်းပေးတာပါ ကျွန်တော်တို့ဒေသမှာရှိတဲ့ လူငယ်လူရွယ် တွေအားကစားဘက်မှာစိတ်ပါဝင်စားပြီး မကောင်းတဲ့ဘက်ကိုအား ရုံးမရောက်ဖို့နဲ့ ထူးချွန်တဲ့ အားကစားသမားတွေ ပေါ်ပေါက်လာစေဖို့ ပံ့ပိုးကူညီ တာဖြစ်တယ်" ဟု ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်မှ ပြောသည်။
- ချီဖွေမြို့နယ် ငွါးဖခါးကျေးရွာ ဘောလုံးကွင်းတူးဖေါ်မှုအတွက် တရုတ်ယွမ်ငွေ ၅၀၀၀အား ယနေ့ နေ့လည်(၂)နာရီတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်၏ကိုယ်စား ဦးဇယ်ဒေါင်မှ ထောက်ပံ့လှူဒါန်းပေးခဲ့ရာ ငွါးဖခါးကျေးရွာမှ ရပ်မိရပ်ဖ ဦးလာကျီတား လာရောက်လက်ခံခဲ့ခြင်းဖြစ်သည်။
- ချီဖွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးယိန်းဆောင်သည် ကချင်အထူးဒေသ(၁)အတွင်းရှိ ပြည်သူများ၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်များအပြင် အခြားလိုအပ်ချက်များကိုလည်း အစဉ်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။




Comments
Post a Comment