တပ်ကုန်းမှာ နေအိမ်တစ်လုံးမီးလောင်
တပ်ကုန်းမှာ နေအိမ်တစ်လုံးမီးလောင်
EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၁
- မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်အတွင်းတွင် မီးအားမြှင့်စက်အပူလွန်ကဲမှုကြောင့် နေအိမ် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။
- စက်တင်ဘာလ ၁၁ရက်၊ နံနက် ၁ နာရီခွဲခန့်က တပ်ကုန်းရပ်ကွက်၊ ဧဒင်နယ်မြေ၊ အပိုင်း(၄)ရှိ ဒေါ်အူရာရော်တင့်၏ နေအိမ်တွင် မီးအားမြှင့်စက် အပူလွန်ကဲ၍ နေအိမ်ထရံအား မီးစတင်လောင်ကျွမ်းရာမှ တဆင့် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
- မီးလောင်မှုဖြစ်ပွားနေကြောင်း ဖုန်းသတင်းရရှိသဖြင့် မြစ်ကြီးနားမြို့နယ် မီးသတ်စခန်းမှ ဒုမီးသတ် ဦးစီးမှူး ဦးတင်မောင်တိုး ဦးဆောင်ကာ မီးငြိမ်းသတ်ယာဉ် နှစ်စီး၊ မီးသတ်ရေသယ်ယာဉ် နှစ်စီး၊ စုစုပေါင်း မီးသတ်တပ်ဖွဲ့အင်အား ၅၅ဦးဖြင့် သွားရောက် မီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
- မီးလောင်မှုကြောင့် ကာလတန်ဖိုး ငွေကျပ် ၉၁၀၀၀၀ ခန့်ရှိ သွပ်မိုး၊ ထရံကာ၊ မြေစိုက်အိမ်တစ်လုံး ဆုံးရှုံးခဲ့ရပြီး လူနှင့် တိရိစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှု တစုံတရာမရှိခဲ့ကြောင်း မြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
- အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် အိမ်ပိုင်ရှင် ဒေါ်အူရာရော်တင့်အား မြစ်ကြီးနားမြို့မရဲစခန်းတွင် (ပ -၃၀၄၊၂၈၅/၂၀၁၇)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။






Comments
Post a Comment