အင်းတော်ကြီးဒေသတွင် ၀န်ကြီးဌာနနှင့် တပ်မတော်တို့မှပြန်လည်စွန့်လွှတ်လယ်ယာမြေများအား ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ပြန်လည်ပေးအပ်

အင်းတော်ကြီးဒေသတွင် ၀န်ကြီးဌာနနှင့် တပ်မတော်တို့မှပြန်လည်စွန့်လွှတ်လယ်ယာမြေများအား ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ပြန်လည်ပေးအပ်

EPN
မိုးညှင်း၊ စက်တင်ဘာ ၁၂
  • ကချင်ပြည်နယ် ၀န်ကြီးချုပ်ဒေါက်တာခက်အောင် ဦးဆောင်သော ကချင်ပြည်နယ်အစိုးရအဖွဲ့မှ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသသို့ သွားရောက်ကာ တပ်မတော်နှင့် ၀န်ကြီးဌာနများမှ ပြန်လည် စွန့်လွှတ်လယ်ယာမြေများအား  မူလပိုင်ရှင်များထံ စက်တင်ဘာ(၁၁)ရက်နေ့ နေ့လည်၁၀နာရီက အင်းတော်ကြီးဒေသ ရွှေမဉ္ဖူရေလယ်ဘုရားဝင်းအတွင်း  အင်းတော်ဓမ္မာရုံတွင် ပြန်လည်လွဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
  • အဆိုပါ စွန့်လွှတ်မြေများကို မူလပိုင်ရှင်များထံပေးအပ်ခဲ့သည့်အပြင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် စက်မှုလယ်ယာ စနစ်ကျ လယ်ယာမြေ (၂၅၅)ဧက ဖော်ထုတ်ရေးစီမံကိန်းမှ စိုက်ပျိုးမြေဖော်ထုတ်ရေး စီမံကိန်းမှ ချောင်းဝကျေးရွာရှိ တောင်သူ( ၂၈)ဦးအား လယ်ယာမြေယာယီ လုပ်ပိုင်ခွင့်လက်မှတ်ထုပ်ကို လည်း ပေးခဲ့ကြောင်းသိရသည်။
  • အဆိုပါ ကချင်ပြည်နယ် ၀န်ကြီးချုပ်နှင့် ပြည်သူများတွေ့ဆုံမှုသည် အစိုးရသစ်လက်ထက်တွင် မိုးညှင်းခရိုင်အနေနှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံမှုဖြစ်ကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်ကပြောသည်။
  • “ကျွန်တော်တို့ နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို လွဲယူပြီး ၆လလောက်အကြာမှာ ကချင်ပြည်နယ် အတွင်းမှာရှိတဲ့ ခရိုင်လေးခုစလုံးက ပြည်သူတွေနဲ့ မတွေ့နိုင်ခဲ့ပါဘူး နေပြည်တော်က ခေါ်လိုက် အရေးပေါ် အစည်းအဝေးတွေ လုပ်လိုက်နဲ့ ၁နှစ်ကျော်ကြာပြီးမှသာ အင်းတော်ကြီးဒေသကို ရောက်လာနိုင်ခဲ့ပါတယ် တောင်းပန်စကားပြောရင်းနဲဘဲ ကျွန်တော်တို့ပြည်နယ် ကျွန်တော်တို့နိုင်ငံကို မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုး တက်ပြီး ဆင်းရဲတွင်းက မြန်မြန်ဆန်ဆန်ရုန်းထွက်နိုင်ဖို့ဆောင်ရွက်နေပါတယ်” ဟု ကချင်ပြည်နယ်ဝန်ကြီးချုပ် ကပြောသည်။
  • အဆိုပါ အခမ်းအနားတွင် အမှတ်(၉၀၄)အမြောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ  ပြန်လည် စွန့်လွှတ်သည့်လယ်မြေ (၁၀.၁၈)ဧကကို  မိုးညှင်းမြို့နယ် ညောင်ကိုင်းကျေးရွာနေ တောင်သူ ဦးဘစိန်တင် (ကွယ်လွန်)၏ သားဦးထွန်းကြည်ထံသို့လည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနမှ ပြန်လည်စွန့်လွှတ်မြေ (၀.၁၀၃)ဧက ကို မူလပိုင်ရှင်ဖြစ်သော မိုးကောင်း မြို့နယ် ပင်းဘောကျေးရွာနေ ဒေါ်ခင်ခင်လှသို့လည်းကောင်း ၊(၀.၁၀၃)ဧကကို မူလပိုင်ရှင်ဖြစ်သော မိုးကောင်းမြို့နယ်  ပင့်သာကျေးရွာနေ ဦးစောလှထံသို့ လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန (စကခ) (၃)မိုးကောင်းမှ ပြန်လည်စွန့်လွှတ်မြေ (၁၁)ဧကကို မူလပိုင်ရှင်ဖြစ်သော မိုးကောင်းမြို့နယ် သူဌေးကုန်း ကျေးရွာနေ ဦးထွန်းရွှေထံသို့ လည်းကောင်း၊ (၆)ဧကကို သူဌေးကုန်းကျေးရွာနေ  ဦးအောင်ဘထံသို့ လည်းကောင်း၊ မိုးကောင်းမြို့နယ် သူဌေးကုန်းကျေးရွာ သုဿာန်မြေ(၂)ဧကအား သူဌေးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။
                                                          သူရ




Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ