မိုးညှင်းမြို့တွင် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်သူ တစ်ဦးအား အမှုဖွင့်အရေးယူ
မိုးညှင်းမြို့တွင် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်သူ တစ်ဦးအား အမှုဖွင့်အရေးယူ
EPN
မိုးညှင်း စက်တက်ဘာ ၂၄
- ကချင်ပြည်နယ် မိုးညှင်းမြို့တွင် မကွေးတိုင်း ဒေသကြီးမှ မိန်းမနှင့် ရန်ဖြစ်ကာထွက်လာသူတစ်ဦး သည် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့သဖြင့် မိုးညှင်းမြို့မရဲစခန်းမှ အမှုရေးဖွင့် ဖမ်းဆီးထားခဲ့ရ ကြောင်း သိရှိရသည်။
- စုံစမ်းသိရှိရသည်မှာ စက်တင်ဘာလ(၂၃)ရက် နေ့လည်(၁၁)နာရီအချိန်ခန့်တွင် ရန်ကင်းရပ်ကွက် မှူး ဦးဇော်ထွန်းဦးသည် နေအိမ်၌ရှိနေစဉ် ရန်ကင်းရေပေါက်ကွန်ကရစ်တံတားပေါ်မှ လူငယ်တစ်ဦး ခုန်ချ ကာ သေကြောင်းကြံခဲ့ကြောင်း သိရှိရသဖြင့် အခင်းဖြစ်နေရာသို့ ဦးကျော်ဟိန်းနှင့်အတူ သွားရောက်ကြည့်ရှု ပြီး မိုးညှင်းမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့သည်။
- နယ်ထိန်းခေါင်းဆောင် ရဲအုပ်ကျော်မင်းစိုးနှင့် တပ်ဖွဲ့ဝင်များရောက်ရှိလာပြီး စစ်ဆေးမေးမြန်းရန် အတွက် မိုးညှင်းမြို့မရဲစခန်းသို့  ခေါ်ဆောင်စစ်ဆေးရာ အဆိုပါလူငယ်မှာ ကျော်နိုင်ဆိုသူဖြစ်ပြီး မကွေး တိုင်း ဒေသကြီး မြိုင်မြို့နယ် ဝါးရင်းချိုင်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ဇနီးဖြစ်သူနှင့် ရန်ဖြစ်၍ နေအိမ်မှ ထွက်လာကာ ဖားကန့်သို့ သွားရောက်မည်ဖြစ်ကြောင်း သိရှိရသည်။
- ထို့နောက် နားခါအုပ်ချုပ်ရေးမှူး ဦးမြင့်အေးနှင့်အဖွဲ့ မှ ကျော်နိုင်အား မွေးရပ်မြေသို့ ပြန်ပို့ ရန်မိုးညှင်းဘူတာသို့ ခေါ်ဆောင်လာစဉ် နမီးစု မူလတန်းကျောင်းအနီး ရောက်သောအခါ ကျော်နိုင်မှာ ထွက်ပြေးသွားပြီး လုံးပတ်တပေခန့် ရှိသော ကျောက်တုံးဖြင့် မိမိဦးခေါင်းကို မိမိထုနှက်ခဲ့သည်။
- ထိုသို့ ထုနှက်ခဲ့သဖြင့် ကျော်နိုင်၏ ဦးခေါင်းတွင်(၃)လက်မခန့် ပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး အဆိုပါ ဒဏ်ရာအားအနီးရှိ အရှည်(၆)လက်မ ဗျက်လက်မဝက်ခန့် ရှိ ဝါးခြမ်းဖြင့် ထိုးဆွခဲ့သဖြင့် ဝိုင်းဝန်းဖမ်းဆီးကာ မိုးညှင်းခရိုင်ဆေးရုံကြီးသို့ တင်ပို့ ကုသခဲ့ရာဒဏ်ရာအခြေအနေစိုးရိမ်ရသဖြင့် အတွင်းလူနာအဖြစ် လက်ခံ ကုသခဲ့ရသည်။
- ထို့နောက် ရန်ကင်းရပ်ကွက်မှူး ဦးဇော်ထွန်းဦးမှ တရားလိုပြုလုပ်ကာ ကိုယ့်ကိုယ်ကိုသေကြောင်း ကြံစည်သူ ကျော်နိုင်(၂၆)နှစ် (ဘ)ဦးမိုးအေး ၈/မမန(နိုင်)၁၇၇၃၅၀ ဝါးရင်းချိုင်ကျေးရွာ မြိုင်မြို့နယ် မကွေး တိုင်း ဒေသကြီး နေထိုင်သူအား အရေးယူပေးပါရန် အမှုဖွင့်တိုင်ကြားခဲ့သဖြင့် မိုးညှင်းမြို့မရဲစခန်းမှ (ပ) ၁၄၄/၂၀၁၇ ပုဒ်မ ၃၀၉ ဖြင့် အမှုရေးဖွင့်ထားခဲ့ကြောင်း သိရှိရသည်။


Comments
Post a Comment