အသက်(၉၀)နှစ်နှင့် အထက်အဘိုးအဘွားများကို ဒုတိယအကြိမ်မြောက် လူမှုရေးပင်စင်ပေးအပ်

အသက်(၉၀)နှစ်နှင့် အထက်အဘိုးအဘွားများကို ဒုတိယအကြိမ်မြောက် လူမှုရေးပင်စင်ပေးအပ်

EPN
မြစ်ကြီးနား စက်တင်ဘာ ၁၅
  • ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်  အသက်(၉၀)နှစ်နှင့်အထက် အဘိုးအဘွားများအား ဒုတိယအကြိမ်မြောက် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
  • ယင်းကဲ့သို့ လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို ကချင်ပြည်နယ်တွင်းရှိ မြို့နယ်(၁၈)မြို့နယ် တွင် စက်တင်ဘာ ၁၅ရက်နေ့က တပြိုင်တည်း ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
  • နိုင်ငံတော်၏ လူမှုကာကွယ်စောင့်ရှောက်ရေးမူဝါဒအရ ယခုကဲ့သို့ ထောက်ပံ့ပေးအပ်ခြင်းဖြစ် ကြောင်း လူ/မှုဝန်ထမ်းဦးစီးဌာနရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်စိုးက ရှင်းပြသည်။
  • လူမှုရေးပင်စင်များထောက်ပံ့ပေးအပ်ရာတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ပညာရေးဝန်ထမ်းများနှင့် ရပ်မိရပ်ဘများ၏ ဝိုင်းဝန်းကူညီထောက်ပံ့ပေးမှုဖြင့် အဘိုးအဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ဦးအောင်စိုးကပြောသည်။
  • အသက်(၉၀)နှစ်နှင့်အထက် အဘိုးအဘွားများကို လူမှုရေးပင်စင်အဖြစ် တစ်လလျှင်ကျပ်တစ်သောင်း(၁၀၀၀၀ိ/-)နှုန်း ဖြင့် သုံးလလျှင်တစ်ကြိမ်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပြီး  ဒုတိယအကြိမ် ပေးအပ်ရာတွင် အဘိုးအဘွား ၉၄၃ ဦးကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
  • ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်(၁၈) မြို့နယ်မှ အသက်(၉၀)နှစ်နှင့်အထက် အဘိုးအဘွားများကို ၂၀၁၇ ဇွန်လ ၁၅ရက်နေ့တွင် ပထမအကြိမ်အဖြစ် လူမှုရေးပင်စင် စတင်ထောက်ပံ့ပေးအပ်ခဲ့ပြီး ပထမအကြိမ်ပေးအပ်စဉ်က အဘိုးအဘွားစုစုပေါင်း ၉၄၉ ဦးကို ပေးအပ်နိုင်ခဲ့ကြောင်းသိရသည်။
                                                           မိုးစက်


Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ