မိဘမဲ့ကျောင်းသို့အစားအသောက်နှင့် ဆေးဝါးများလှူဒါန်း

မိဘမဲ့ကျောင်းသို့အစားအသောက်နှင့် ဆေးဝါးများလှူဒါန်း

EPN
မြစ်ကြီးနား၊ စက်တင်ဘာလ ၂၀
  • ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက် နယ်မြေ၁ရှိကျေးဇူးတော်ရင်ခွင် မိဘမဲ့ ကျောင်းသို့ ရွှေစည်တော်ပရဟိတအသင်းမှ စက်တင်ဘာလ ၂၀ရက် နံနက်၈နာရီအချိန်ခန့်က အစား အသောက်အာဟာရနှင့် ဆေးဝါးများသွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
  • ထိုသို့ လှူဒါန်းရာတွင် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲအပါအဝင်စားသောက်ကုန်များ လူသုံးကုန်ဖိနပ် များ၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာတောင်၊ ဆပ်ပြာခဲများ၊ ဆေးဝါးများ စုစုပေါင်းတန်ဖိုး ၉သိန်းကျော်ခန့် လှူဒါန်းခဲ့ပြီး ကလေးငယ်များအား ခေါက်ဆွဲနှင့် အာဟာရများ ကျွေးမွေးခဲ့ကြောင်းသိရသည်။
  • "ကျနော်တို့ အသင်းက မြို့မဈေးကြီးဈေးသူဈေးသားတွေနဲ့ စေတနာရှင်ပြည်သူတွေရဲ့ လှူဒါန်းငွေ တွေနဲ့ ဖွဲ့စည်းထားတာပါ မိဘမဲ့ဂေဟာကျောင်းတွေကို လစဉ် ခုလိုဘဲ လိုအပ်တာတွေကို လှူဒါန်းပေး နေပါတယ်" ဟု ရွှေစည်တော်ပရဟိတအသင်းမှ ဥက္ကဋ္ဌ ကိုဇော်လင်းက ပြောသည်။
  • ထိုကျောင်းတွင် မူဆယ်၊ မိုးမိတ်၊ ဟုမ္မလင်း၊ တနိုင်းအစရှိသည့် နယ်များမှ မိဘမဲ့ကလေးငယ် ၆၄ ဦး ရှိပြီး KGတန်းမှ တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားလျှက်ရှိကာ ကချင်ပြည်နယ် လီဆူခရစ်ယာန် အသင်းတော်နှင့် မြို့ပေါ်ရပ်ကွက်များမှ စေတနာရှင်ပြည်သူများက လာရောက် လှူဒါန်းပေးလျှက် ရှိကြောင်းသိရသည်။
                                                         ကျော်ကြီး





Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ