မိုးကောင်းတွင် လာရောက်တည်းခိုသူထံမှ ဆေးပြားများ ဖမ်းဆီးရမိ

မိုးကောင်းတွင် လာရောက်တည်းခိုသူထံမှ ဆေးပြားများ ဖမ်းဆီးရမိ

EPN
မိုးကောင်း၊ စက်တင်ဘာ ၂၅
  • ဖားကန့်မြို့၌ ယခင်ကသိကျွမ်းဖူးသူ လာရောက်တည်းခိုရာတွင် မူးယစ်ဆေးဝါးလာရောက် သုံးစွဲ နေ၍ အိမ်ရှင်မှအသိပေးမှုကြောင့် မူးယစ်ဆေးများ ဖမ်းဆီးရမိခြင်းခဲ့ဖြစ်ကြောင်း မိုးကောင်းမြို့မရဲစခန်းမှ သိရသည်။
  • ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ ရွာသစ်ရပ်အုပ်စု(၆)မပြုံးပြုံးခိုင်နေအိမ်တွင် စက်တင်ဘာ ၂၄ရက် နေ့က ယခင်ဖားကန့်မြို့တွင် သိကျွမ်းဖူးသူ လားရှိုးမြို့နေ စိုင်းဥာဏ်တိုးအေး(ခ)မောင်တိုး(၆၁)နှစ် လာရောက် တည်းခိုစဉ် မူးယစ်ဆေးသုံးစွဲနေကြောင်း သိရသဖြင့် အိမ်ရှင်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အသိပေးခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ မိုးကောင်းမြို့မရဲစခန်းသို့ ဆက်လက်အကြောင်းကြားခဲ့သဖြင့် ည(၈)နာရီခွဲတွင် သတင်းရရခြင်း သွားရောက်ရှာဖွေခဲ့တွေ့ရှိခဲ့ခြင်းဖြစ်သည်။
  • ထိုသို့ ရှာဖွေရာတွင် စိုင်းဥာဏ်တိုးအေး(ခ)မောင်တိုးနှင့်အတူ အပြာရောင်ကပ်ခွာအိတ်နှင့် ထည့်လျှက် စိတ်ကြွရူးသွပ်ဆေးပြား ဟု ယူဆရသော ပန်းရောင်ဆေးပြား(၆၇၂)ပြား တန်ဖိုးကျပ်သိန်း (၃၃)သိန်းကျော်ဖိုးနှင့် မူးယစ်ဆေးသုံးစွဲရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
  • "အိမ်ရှင်အမျိုးသမီးခင်ပွန်းရဲ့ သူငယ်ချင်းလို့သိရပါတယ်။ မူးယစ်ဆေးသုံးတဲ့ အနံ့ထွက်နေတော့ အိမ်ရှင်အမျိုးသမီးက သူအမှုပတ်မှာကြောက်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အသိပေးရာက တစ်ဆင့် သိရပြီး မြို့နယ်ရဲမှူးရဲ့ ဝရမ်းနဲ့ချက်ခြင်း သွားရောက်ရှာဖွေရာက ဖမ်းဆီးမိခဲ့တာပါ" ဟု မြို့မရဲစခန်းမှူး ဒုရဲမှူးသန်းထိုက်က ပြောသည်။
  • ဖြစ်စဉ်နှင့် ပါတ်သက်၍ မူးယစ်ဆေးလက်ဝယ်တွေ့ရှိသူ စိုင်းဥာဏ်တိုးအေး(ခ)မောင်တိုး(၆၁)နှစ် ကို မိုးကောင်းမြို့မရဲစခန်းမှ မယ(ပ)၆၆/၂၀၁၇မူး/စိတ်၁၅/၁၉(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
                                                                   ချိုမောင်

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ