နမ္မတီးမြို့တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိ
နမ္မတီးမြို့တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိ
EPN
နမ္မတီး၊ စက်တင်ဘာ ၁၈
- မိုးကောင်းမြို့နယ် နမ္မတီးမြို့ မြို့မ(၃)ရပ်ကွက်တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိခဲ့ကြောင်း မိုးကောင်းမြို့နယ်ရဲတပ်ဖွဲ့ရုံးမှ သိရသည်။
- ဖြစ်စဉ်မှာ စက်တင်ဘာ ၁၈ နံနက်၁၀နာရီခွဲအချိန်က မိုးကောင်းမြို့နယ် ရဲတပ်ဖွဲ့ရဲမှူး ဝင်းမြင့်အောင်၏ မူးယစ်ဆေးဝါး ရှာဖွေခွင့်ဝရမ်းဖြင့် မိုးညှင်း မူးယစ်တပ်ဖွဲ့ ဟိုပင်လှုပ်ရှားမှုအဖွဲ့မှ မိုးကောင်းမြို့နယ် နမ္မတီးမြို့ မြို့မ(၃)ရပ်ကွက် အိမ်အမှတ်(၃/မမ၄၇၂) မချိုချိုဦး(၃၂)နှစ် နေအိမ်အား ဝင်ရောက်ရှာဖွေရာ အိမ်သာအနီး အုတ်ပုံကြားတွင် ပလပ်စတစ်အိတ်အမည်းနှင့် ထည့်ထားသော အဖြူရောင်ကော်ဗူးနှင့်ထည့်လျှက် ဘိန်းဖြူဟု ယူဆရသော ဖြူ/ဝါမှုန့်(၄.၃)ဂရမ်၊ မူးယစ်ဆေးရောင်းချ ရာတွင် အသုံးပြုသော ဗူးအလွတ်(၁၉)ဗူး၊ မူးယစ်ဆေးရောင်ရငွေ(၇၉၀၀၀)ကျပ်နှင့်အတူ မူးယစ်ဆေး သုံးစွဲရန်ရောက်ရှိနေသူ မောင်ဖြိုးဝေထွန်း၊ ဦးဒေါင်ထောင်းတို့ကို တွေ့ရှိခဲ့ပြီး ဖမ်းဆီးရမိခဲ့သည်။
- ဖြစ်စဉ်နှင့်ပတ်သက်၍ မချိုချိုဦး၊ မောင်ဖြိုးဝေထွန်း၊ ဦးဒေါင်ထောင်းတို့(၃)ဦးကို နမ္မတီးနယ်မြေ ရဲစခန်းမှ မယ(ပ)၂၅/၂၀၁၇၊ မူးစိတ်ပုဒ်မ၁၅/၁၉(က)/၂၀(က)/၂၁ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

Comments
Post a Comment