ဖယောင်းတိုင်မီး ထွန်းထားရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွား၍ ၅၂၅သိန်းကျော်ဆုံးရှုံး

ဖယောင်းတိုင်မီး ထွန်းထားရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွား၍ ၅၂၅သိန်းကျော်ဆုံးရှုံး

EPN
ဖားကန့်၊ စက်တင်ဘာ ၂၀
  • မိုးညှင်းခရိုင် ဖားကန့်မြို့နယ်၊  ဆယ်ဇင်းကျေးရွာ၊ ရပ်ကွက်(၄) ဈေးအနီးတွင် ဖယောင်းတိုင်မီး ထွန်းထားရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွား၍ ၅၂၅သိန်းကျော်ဆုံးရှုံးခဲ့ကြောင်း မြစ်ကြီးနားမြို့ ပြည်နယ်မီးသတ် ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုး ဦးကျော်စိုးသန်းက ပြောသည်။
  • “စုစုပေါင်း မီးလောင်ဆုံးရှုးံမှု့တန်ဖိုး ၅၂၅သိန်းကျော်ပါ အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူဦးရေကိုတော့ စီစစ်နေတုန်းပါ” ဟု ၎င်းကပြောသည်။
  • ဖြစ်စဉ်မှာ စက်တင်ဘာ၁၉ရက် ညနေ၆နာရီခန့်တွင် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်၊  ဆယ်ဇင်း ကျေးရွာ၊ ရပ်ကွက်(၄) ဈေးအနီးရှိ အိမ်ရှင်  ဦးဇော်ဝင်းနိုင်၏ နှစ်ထပ်နေအိမ် အပေါ်ထပ် ဧည့်ခန်းရှိ သစ်သားစင်ပေါ်တွင် ဖယောင်းတိုင် မီးထွန်းထားရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး နေအိမ်၈လုံးနှင့် ဈေးဆိုင် ခန်း ၂၂ခန်း မီးလောင်၍ ည၈နာရ်ီခန့်တွင် မီးငြိမ်းသတ်နိုင်ပြီး မီးသတ်ယာဉ်၁စီး၊ ရေသယ်ယာဉ်၁စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၃၀ဦးနှင့် ရပ်ကွက်နေ ပြည်သူများ စုပေါင်းပြီး မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။
  • အဆိုပါ မီးလောင်မှုကြောင့် ဦးဇော်ဝင်းနိုင်ကို (ပ)၄/၂၀၁၇ ၊ပုဒ်မ ၂၈၅(ပေါ့ဆစွာ မီးအသုံးပြုမှု)ဖြင့် ဆယ်ဇင်းနယ်မြေရဲစခန်းတွင် အရေးယူထားကြောင်း ကချင်ပြည်နယ် မီးသတ်ဦးစီးဌာန၏ မှတ်တမ်းများ အရ သိရသည်။
                                                              မီးမီး

Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ