ရဲတပ်ဖွဲ့ခွဲ(၃၀)မှ တပ်ဖွဲ့ဝင်များနှင့် မိသားစုများ၏ ပြည်သူ့အကျိုးပြုစုပေါင်းသွေးလှူဒါန်းပွဲကို မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပ

ရဲတပ်ဖွဲ့ခွဲ(၃၀)မှ တပ်ဖွဲ့ဝင်များနှင့် မိသားစုများ၏ ပြည်သူ့အကျိုးပြုစုပေါင်းသွေးလှူဒါန်းပွဲကို မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပ

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၉
  • ရဲတပ်ဖွဲ့ခွဲ(၃၀)မှ တပ်ဖွဲ့ဝင်များနှင့် မိသားစုများ၏ ပြည်သူ့အကျိုးပြုစုပေါင်းသွေးလှူဒါန်းပွဲကို မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပခဲ့ကြောင်းသိရသည်။
  • (၅၃)ကြိမ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားမြို့၊ အလယ်ကုန်းရပ်ကွက်ရှိအမှတ်(၃၀)ရဲတပ်ဖွဲ့ခွဲမှ အရာရှိ၊ အကြပ်၊ စစ်သည် (၅၀)ဦးနှင့် တပ်ဖွဲ့ဝင်မိသားစု အမျိုးသမီး(၅)ဦးစုစုပေါင်း (၅၅)ဦးပူးပေါင်း၍ ပြည်သူ့အကျိုးပြု စုပေါင်းသွေးလှူဒါန်းပွဲကို စက်တင်ဘာ (၁၉)ရက်၊ နံနက်(၉)နာရီတွင် မြစ်ကြီးနားမြို့၊ ပြည်သူ့ဆေးရုံကြီး၌ စတင်ပြုလုပ်ခဲ့ရာ ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရဲမှူးကြီးမှ သွေးလှူဒါန်းကြသော ရဲတပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်မိသားစုများကို လာရောက် အားပေးခဲ့ကြောင်းသိရသည်။
  • “ကျနော်တို့ ဒီနေ့ကတော့ (၅၃)နှစ်မြောက် ရဲတပ်ဖွဲ့နေ့ကိုဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ စုပေါင်းသွေး လှူဒါန်းတာပါ။ ဒီအချိန်ဆိုနှစ်စဉ်ဒီလိုစုပေါင်းလှူဒါန်းနေကြပါ။ အစဉ်အလာတခုလိုဖြစ်နေပါပြီ။ ဒီအချိန်မှ မဟုတ်ပါဘူး။ တခြားအချိန်တွေမှာလဲ ပြည်သူတွေလိုအပ်ရင်လိုအပ်သလို လှူဒါန်း ပေးတာမျိုးလဲရှိပါတယ်။ အခြားနေ့ထူးနေ့မြတ်တွေဆိုရင်လဲစုပေါင်းသွေးလှူဒါန်းတာတွေရှိပါတယ်။” ဟု အမှတ်(၃၀)လုံခြုံရေး ရဲ တပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ခွဲမှူး ရဲမှူး ဇော်မျိုးဝင်း က၄င်း၏ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် ဂုဏ်ယူ ဝမ်းမြောက်ပီတိဖြစ်ကြောင်း ပြောကြားသည်။
  • ရဲတပ်ရင်း(၃၀)အနေနှင့် (၅၃)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက်က မြစ်ကြီးနားဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းမှုပြုလုပ်ခဲ့ရာ၌ အဆိုပါ ရဲတပ်ရင်းမှ အရာရှိများ၊ အကြပ်၊ စစ်သည်များပါဝင်လှူဒါန်းသကဲ့သို့ ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များဖြစ်ကြသော ဇနီးများ၊ သားသမီးများလည်း ပါဝင်လှူဒါန်းခဲ့ကြကြောင်းသိရပြီး တပ်ဖွဲ့ဝင်မိသားစုများမှ ပါဝင်လှူဒါန်း ကြသော သွေးအလှူရှင်များမှာအမျိုသမီး (၅)ဦးဖြစ်သည်ဟုဆိုသည်။
  • ၄င်းအမျိုးသမီးများထဲမှ ရဲတပ်ဖွဲ့ဝင်၏ ဇနီးဖြစ်သူကသွေးလှူဒါန်းခြင်းသည် ကျန်းမာရေးမကောင်း၍ သွေးလိုအပ်နေသူအတွက် အကျိုးရှိသကဲ့သို့ လှူဒါန်းသူအလှူရှင်အတွက်လည်း ပုံမှန်လှူဒါန်းပေးခြင်း အားဖြင့် သွေးလဲလှယ်သကဲ့သို့ ဖြစ်ကာကျန်းမာရေးအတွက်လည်း များစွာအကျိုးကျေးဇူးရရှိကာ ကုသိုလ်လည်းရသည် ဟု ဆိုသည်။
  • “ကျန်းမာရေးမကောင်းလို့ သွေးလိုနေတဲ့ ဒုက္ခရောက်နေတဲ့သူတွေအတွက် ကိုယ့်ရဲ့သွေးနဲ့သူများ အသက်ကို ကယ်ခွင့်ရလို့အရမ်းဝမ်းသာပါတယ်။ မလှူဖူးသေးတဲ့သူတွေကောလှူကြပါလို့ပြောချင်တယ်။ လှူနေကြသူတွေကိုလည်းအမြဲတမ်းဆက်လှူကြပါလို့ တိုက်တွန်းချင်ပါတယ်။ သွေးလှူတယ်ဆိုတာက ကိုယ့်ရဲ့သွေးကိုလဲလှယ်ပေးလိုက်သလိုဖြစ်လို့ ကိုယ်လည်းကျန်းမာရေးပိုကောင်းလာတယ်။” ဟု အမှတ် (၃၀)လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ကြပ်ကြီး ကျော်ကျော်ဦး၏ ဇနီးဒေါ်ဆွေဆွေဝင်းကပြောသည်။
  • (၅၃)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ မြစ်ကြီးနားမြို့၊ ပြည်သူ့ဆေးရုံကြီး၌ အမှတ်(၃၀) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ အကြိုအနေနှင့် ပြည်သူ့အကျိုးပြု စုပေါင်းသွေး လှူဒါန်းမှုပြုလုပ်သကဲ့သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကျရောက်သောနေ့တွင်လည်း အောင်ဇေရန်အောင်စေတီ၌ သန့်ရှင်းရေးပြုလုပ်ခြင်း၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ပြည်သူလူထုအသုံးပြုမှုများသောလမ်းများ၌ မြက်ရှင်း၊ အမှိုက်သိမ်းကဲ့သို့သောသန့်ရှင်းရေးပြုလုပ်ခြင်းများ ပြုလုပ်ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ပြည်သူ အများအမှန်တကယ်အကျိုးရှိစေမည့် ပရဟိတအလုပ်များ ပြုလုပ်ခြင်းဖြင့် ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ခွဲမှူးမှ ဆက်လက်ပြောကြားသည်။
                                                   ဘရန်ဆိုင်း / မီးမီး








Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ