အမျိုးသမီးအခွင့်အရေးများ အပြည့်အဝရရှိစေရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုများ၌ အမျိုးသမီးများ ပါဝင်နိုင်ခွင့်ရရှိစေရန်အတွက် တတိယအကြိမ်မြောက် အမျိုးသမီးဖိုရမ် ကျင်းပ

အမျိုးသမီးအခွင့်အရေးများ အပြည့်အဝရရှိစေရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုများ၌ အမျိုးသမီးများ ပါဝင်နိုင်ခွင့်ရရှိစေရန်အတွက် တတိယအကြိမ်မြောက် အမျိုးသမီးဖိုရမ် ကျင်းပ

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၂၉
  • အမျိုးသမီးအခွင့်အရေးများ အပြည့်အဝရရှိစေရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုများ၌ အမျိုးသမီးများ ပါဝင်နိုင်ခွင့်ရရှိစေရန်အတွက် တတိယအကြိမ်မြောက် အမျိုးသမီးဖိုရမ် ကျင်းပခဲ့ကြောင်း သိရသည်။
  • တတိယအကြိမ်မြောက် အမျိုးသမီးထုလုံခြုံရေးနှင့်ငြိမ်းချမ်းရေးဖိုရမ် (3rd Forum on Women Peace and Security)ကို မြစ်ကြီးနားမြို့၊ City Park Royal Hall ခန်းမဆောင်၌ USAID နှင့် ထွယ်ဂျန်ဒါ အရပ်ဖက်လူမှုအဖွဲ့အစည်းတို့ ပူးပေါင်း၍ စက်တင်ဘာ(၂၈)ရက်နှင့် (၂၉)ရက် နှစ်ရက်ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်းသိရသည်။
  • အဆိုပါ ဆွေးနွေးပွဲသို့ ကချင်ပြည်နယ်မှ မြို့ကြီးများဖြစ်သော ပူတာအို၊ တနိုင်း၊ မိုးကောင်း၊ မိုးညှင်းဗန်းမော်၊ ဖားကန့် စသည့်မြို့များမှ လူကြီးလူငယ် အမျိုးသမီးများ စုစုပေါင်း(၅၀)ဦးခန့် တက်ရောက် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
  • “ကျမတို့ ကချင်ပြည်နယ်ဒေသကပဋိပက္ခဖြစ်ပွားနေတဲ့ဒေသဖြစ်တယ်။ ဒါကြောင့် အမျိုးသမီးတွေ ရဲ့ လုံခြုံရေးဟာအရေးကြီးတယ်။ နောက်တချက်က နိုင်ငံရေးနဲ့ လွှတ်တော်ထဲမှာပါဝင်ခွင့်ရဖို့၊  ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးထုတွေကို ပါဝင်ခွင့်ရစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဆွေးနွေးပွဲကိုလုပ်တာပါ။ ကချင်ပြည်နယ်က သဘာဝသယံဇာတပေါကြွယ်ဝတဲ့ ပြည်နယ်တခုပါ၊ မြေယာတွေလဲပေါများပါတယ်။ ဒါပေမဲ့ ပြည်သူကအကျိုးရလဒ်တွေကိုမခံစားရဘူး၊ ဖြစ်နေတယ်။ ဒီအချက်တွေကို ဝိုင်းဝန်းဆွေးနွေးအဖြေရှာကြမှာပါ။” ဟု ထွယ်ဂျန်ဒါ လူမှုအဖွဲ့အစည်း၏ ဒါရိုက်တာ ဒေါ်နန်ဘူက ပြောသည်။
  • ကချင်ပြည်နယ်သည် (၂၀၁၁)ခုနှစ် ဇွန်လ(၉)ရက်မှစ၍ တစ်ကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားလာခဲ့ပြီး ပဋိပက္ခဖြစ်ပွားမှု အများဆုံးနှင့် လူ့အခွင့်အရေးချိုးဖောက်မှု အလွန်များပြားရာဒေသ ဖြစ်သောကြောင့် အမျိုးသမီးထုအတွက် လုံခြုံမှုရှိစေရေးမှာအလွန်အရေးကြီးသောကိစ္စတစ်ရပ်ဖြစ်ကြောင်းသိရသည်။
  • အဆိုပါ ဖိုရမ်မှ အမျိုးသမီးထုအား နိုင်ငံရေးနှင့် လွှတ်တော်တွင်း၌ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက် ခွင့် ရရှိစေရေးနှင့် ငြိမ်းချမ်းရေးရရှိစေရေးအတွက် ကြိုပမ်းဆောင်ရွက်မှုများဖြစ်သော ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များ၌ အမျိုးသမီးထုမှ အသိပညာရှင်၊ အတတ်ပညာရှင်များ ပါဝင်ခွင့်ရရှိစေရေး အတွက် အဓိကထားဆွေးနွေးသွားကြမည် ဟု ဆိုသည်။
  • “ကချင်ပြည်နယ်မှာက ထိုးစစ်တွေကမရပ်ဘူး၊ ဆက်တိုက်ဆင်နေတယ်။ တိုင်းရင်းသား လက်နက် ကိုင် တွေကလည်း NCA မှာလက်မှတ်မထိုးထားဘူး။ မထိုးတာလဲအကြောင်းအရင်းရှိမှာပေါ့။ ကျမတို့ ပြည်နယ်ကပြည်သူတွေနဲ့ အမျိုးသမီးတွေက ဆင်းရဲဒုက္ခတွေ ကြုံတွေ့နေရတယ်။ ဒါကြောင့် အမျိုးသမီးတွေရဲ့ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးမှာ ပါဝင်နိုင်ဖို့ကို ထည့်သွင်းစဉ်းစားနိုင်အောင်လို့ ဒီဖိုရမ်ကို လုပ်ရတာပါ။” ဟု ထွယ်ဂျန်ဒါ လူမှုအဖွဲ့အစည်း၏ ဒါရိုက်တာ ဒေါ်နန်ဘူ မှ EPN သတင်းဌာနသို့ ပြောသည်။
  • Women Peace and Security ဖိုရမ်ကိုကချင်ပြည်နယ်၌ ကျင်းပလာခဲ့သည်မှာ (၃)ကြိမ်မြောက် ရှိပြီဖြစ်ပြီး တစ်နှစ်လျှင် တစ်ကြိမ်ကျင်းပခဲ့သည်ဟုဆိုသည်။
  • ယခင်နှစ်များက ကျင်းပခဲ့သော ဖိုရမ်များအပြီးတွင်းရလဒ်ကို ကြေငြာချက် ထုတ်ပြန်ခဲ့သော်လည်း ယခုဖိုရမ်အပြီးတွင် ကြေငြာချက်ထုတ်ပြန်ရန် အစီအစဉ်မရှိကြောင်းသိရသည်။
  • ယခင်နှစ်များက ထုတ်ပြန်သော ကြေငြာချက်များ၏ အကျိုးရလဒ်ကိုကြည့်ကာ ယခုအခါ၌ မထုတ်ပြန်ခြင်းဖြစ်သည်ဟုဆိုသည်။
  • အမျိုးသမီးများ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များ၌ ပါဝင်နိုင်ရေး ဆွေးနွေးပွဲများကို မြစ်ကြီးနားမြို့နယ် အတွင်း၌မူ အစဉ်အမြဲပြုလုပ်နေပြီးယခုကဲ့သို့ မြို့ပေါင်းစုံမှ ဖိတ်ခေါ် ဆွေးနွေးမှုကို တစ်နှစ်လျှင်တစ်ကြိမ် ပြုလုပ်သည် ဟု သိရသည်။
                                                             ဘရန်ဆိုင်း


Comments

သတင်းခေါင်းစဉ်များ

မိုးညှင်းပြည်သူ့ဆေးရုံတွင်အချုပ်သားဆေးကုသဆောင်တည်ဆောက်မည့် တွက်ချက်လျာထားချက် မြေပုံတို့ကို မတင်ပြနိုင်သေး

ဗန်းမော်မြို့တွင် စစ်ဘေးတိမ်းရှောင်စခန်းနေ နဝမတန်းကျောင်းသားတစ်ဦး ဓားခုတ်ခံရ၍ သေဆုံး

ဗန်းမော်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်နှင့် တောင်ကမ်းပါးယံမြေပြိုကျ၍ လမ်းပိတ်ဆို့မှု

မော်ဟန်-နမ္မချီကားလမ်းတွင် မူးယစ်ဆေးသယ်ဆောင်သူ(၂)ဦးအားဖမ်းဆီးမိ